စကားမောင်
ဇူလိုင် ၈၊ ၂၀၂၄။
မန္တလေးတိုင်း မိုးကုတ်မြို့အရှေ့ပိုင်းတွင် ဒရုန်းတစင်းတွေ့ရပြီးနောက် စစ်ကောင်စီတပ်ရှိရာ ဗျူဟာကုန်းအနီးမှ လက်နက်ကြီးဖြင့်ဆက်တိုက်ပစ်ခတ်လျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။
ယနေ့နေ့လည်မှစတင် ပစ်ခတ်၍ ခတ္တရပ်နားခဲ့ပြီး ညနေ ၅နာရီဝန်းကျင်မှ သံလွင်ခက်မှမေးမြန်းချိန် ည၈နာရီ ၁၅မိနစ်အချိန်ထိ လက်နက်ကြီးပစ်ခတ်သည်မှာ ၁၄ချက်ဝန်းကျင် ရှိနေပြီး ဆက်လက်ပစ်ခတ်နေဆဲဖြစ်သည်ဟု သိရသည်။
“လေယာဉ်ကောဝဲနေတာ။ အခု ဟာဝှစ်ဇာလား ရှော့ခ်တိုက်ဒုံးလားမသိဘူး။ လေးချက်ပစ်လိုက်တာ” ဟု မင်းတံတားရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
ယနေ့ညနေ ၅နာရီခန့်တွင် မိုးကုတ်မြို့အလယ်ရှိ ဇဗ္မူရစ် လက်ဘက်ရည်ဆိုင်ရှေ့သို့
လက်နက်ကြီးကျည် ကျရောက်၍ လူနေအိမ်များ ပျက်စီးမှုရှိသော်လည်း လူအထိအခိုက်မရှိခဲ့ဟု ဒေသခံများထံမှ သိရသည်။
“ပြောင်းတဲ့သူတွေက မန္တလေးကိုဆင်းမရတော့ လမ်းမှာပိတ်မိနေကြတယ်”ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။
ဇွန်လ ၂၅ ရက်မှစ၍ မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA ဦးဆောင်သည့် မဟာမိတ်ပူးပေါင်းတပ်များကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိနေခြင်းဖြစ်သည်။
ဗီဒီယို – လူမှုကွန်ယက်