အောက်တိုဘာ ၂၆ ၊ ၁၀၊ ၂၂။
ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းနှစ်ခုကို ယခုလကုန်အပြီး ဖြတ်သိမ်းပေးရန် စစ်ကောင်စီကထပ်မံ ဖိအားပြောဆိုလာသည်ဟု ဒေသခံများထံမှ သိရသည်။
တိုက်ပွဲပြင်းထန်စွာဖြစ်ပွားမှုမရှိသော်လည်း မုံးကိုးစစ်ဘေးရှောင်များ၏ မူလနေရပ်ကျေးရွာများတွင် စစ်ကောင်စီတပ် နှင့် MNDAA(ကိုးကန့်)တို့တပ်စခန်းချထားသည့်အတွက် ဒေသခံများနေရပ်သို့ပြန်ရန် အခက်အခဲရှိနေကြရသည်ဟု သိရသည်။
ထိုကဲ့သို့ အခက်အခဲ၊ အကြပ်အတည်းဖြစ်နေရသည့်အခြေအနေ၌ မုံးကိုးမြို့နယ်အတွင်းရှိသည့် စစ်ဘေးရှောင်စခန်း ၂ခုကို အောက်တိုဘာလကုန်အထိအပြီးပိတ်သိမ်းရန် စစ်ကောင်စီလက်အောက်ခံ
မြို့နယ်အုပ်ချုပ်ရေးမှုးက အစည်းအဝေးခေါ်ယူ၍ပြောသည်ဟု မုံးကိုစစ်ဘေးရှောင်စခန်းတာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
၎င်းက ” အစည်းအဝေးကိုဘုရားကျောင်းမှာလုပ်တာ။အရင်ဆုံးဘုရားကျောင်းမှာရှိတဲ့စစ်ဘေးရှောင်နဲ့ ဘုန်းကြီးကျောင်းမှာရှိတဲ့စစ်ဘေးရှောင်ကိုအရင်ရွှေ့ခိုင်းထားတယ်။မရွှေ့လို့မရဘူး ။မသိမ်းတက်ရင်လာကူသိမ်းပေးမယ်တောင်ပြောတယ် “ဟုဆိုသည်။
စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးများက စစ်ရှောင်စခန်းပြောင်းရွေ့ရန်ဖိအားပေးပြောဆိုလာပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ ပြောင်းရွေ့ရမည့် နေရာသစ်ကို ရှာဖွေ၍ မရနိုင်သေးဟု သိရသည်။
မိမိနေရပ်မဟုတ်ဘဲ နေရာအသစ်ထပ်မံပြောင်းရွှေ့ရမည်ဖြစ်သောကြောင့် စစ်ဘေးရှောင်သက်ကြီးရွယ်များကလည်း အဆင်မပြေမှုများနှင့်ထပ်မံကြုံတွေ့ရမည်ကို စိုးရိမ်နေကြသည်ဟု စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက သံလွင်ခက်ကိုပြောသည်။
၎င်းက ” အသက်ကြီးရွယ်အိုတချို့တွေတောင် ပြောင်းရမယ်ဆိုလို့မအိပ်နိုင်မစားနိုင်စိတ်ပူနေကြတာ။နေရာအသစ်ပြောင်းရမယ်ဆိုလည်းကြိုဆိုမယ့်သူလည်းမရှိဘူး။အိမ်ပြန်ဖို့လည်းရွာထဲမှာ စခန်းချထားတယ် “ဟုဆိုသည်။
မုံးကိုးမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်း ၆ ခုကို ယခုနှစ်ကုန်ပိုင်းတွင် အပြီးပြောင်းရွေ့ရန် ပြီးခဲ့သည့် သြဂုတ်လအတွင်းက စစ်ကောင်စီက သတိပေးပြောဆိုထားခဲ့ရာ လက်ရှိတွင် ထိုစစ်ရှောင်စခန်း၆ခုအနက် ဘုရားကျောင်းနှင့် ဘုန်းကြီးကျောင်းတွင်ရှိသည့်စစ်ဘေးရှောင်
များသည် ဦးစွာပြောင်းရွေ့ရန်ဖိအားပေးခံရခြင်းဖြစ်သည်ဟု စခန်းတာဝန်ခံတစ်ဦးကပြောသည်။
၎င်းက ” ကမ့်အကုန်လုံးပြောင်းရမယ်။ကမ့်ပိတ်သိမ်းရေး။နေရာတိုင်းမှာစစ်ရှောင်စခန်းမထားတော့ဘူး။မုံးကိုကမ့်က ပိုပြီးနာမည်ထွက်တာက ဘုရားကျောင်းနဲ့ဘုန်းကြီးကျောင်းကပိုနာမည်ထွက်လို့အရင်ပြောင်းခိုင်းတာတဲ့။ကမ့်နာမည်ပေါက်မှာဆိုးလို့ “ဟုဆိုသည်။
ယခုလကုန်၌ ဦးစွာပြောင်းရွေ့ရန် ဖိအားပေးခြင်းခံရသည့် မုံးကုံးဘုရားကျောင်းနှင့် ဘုန်ကြီးကျောင်း စစ်ရှောင်စခန်းနှစ်ခုတွင် စစ်ဘေးရှောင် ၂၀၀ ဝန်းကျင်ရှိနေသည်ဟု သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မုံးကုံးစစ်စခန်း ၆ခုအပါအဝင် စစ်ဘေးရှောင် စခန်းစုစုပေါင်း ၂၇ ခုအထိ( မန်တုံနှင့်သီပေါတို့ရှိ စစ်ရှောင်စခန်းများမပါဝင်) ရှိနေပြီး နေရာပြောင်းရွေ့ရန် နမ္မတူမြို့နယ်စစ်ဘေးရှောင်စခန်း၊ကွတ်ခိုင်မြို့နယ်စခန်း၊ နမ့်ခမ်းစစ်ဘေးရှောင်စခန်းနှင့် မုံးကိုးစစ်ဘေးရှောင်စခန်းများကို ယခုနှစ်ကုန်ဒီဇင်ဘာလ ၃၀ရက် နောက်ဆုံးထားပြောင်းရွေ့ရန် စစ်ကောင်စီက ပြောဆိုထားသည်။
ရှမ်းမြောက်အတွင်းရှိ စစ်ရှောင်ပြည်သူများ