သက်တမ်းကုန်ဆေးဝါးများနှင့် မှတ်ပုံတင်ထားခြင်းမရှိသည့်ဆေးဝါးများ TNLA စစ်ဆေး
***********
သံလွင်ခက်။
ဇွန် ၇ ၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြိုရှိ ပုဂ္ဂလိက ဆေးရုံဆေးခန်းများ ဆေးဆိုင်များတွင် သက်တမ်းကုန်ဆေးဝါးများ ရောင်းဝယ်သုံးစွဲခြင်း၊ ခွင့်ပြုချက်မရှိသည့် ဆေးဝါးများ ရောင်းဝယ်မှုရှိမရှိကို PSLF/TNLA အုပ်ချုပ်ရေးဌာန လက်အောက်ဖြစ်သည့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲနှင့် ဆေးဝါးကျွမ်းကျင် CDM ဝန်ထမ်းတို့ ပူးပေါင်းပြီး စစ်ဆေးမှုပြုလုပ်လျက်ရှိသည်ဟု TNLA ကထုတ်ပြန်သည်။
ဆေးဝါးသိုလှောင်မှုစနစ်နှင့် ဆေးရုံ၊ ဆေးခန်းအတွင်း ကျွမ်းကျင် အမှုထမ်းလုံလောက်မှုအခြေအနေနှင့် ခန့်အပ်သည့် ဆရာဝန်များအခြေအနေကို စစ်ဆေးသည့်အပြင် ဆေးပုလင်း၊ ဆေးထိုးအပ်များ စနစ်တကျစွန့်ပစ်မှုများကိုပါ စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အများပြည်သူ ကျန်းမာရေးအတွက် ပိုမိုစိတ်ချယုံကြည်စေရန် အခုတစ်ကြိမ်မှာ အရေးယူမှုမပြုဘဲ သတိပေး သည့်အနေဖြင့်သာ စစ်ဆေးခြင်းဖြစ်ပြီး နောက်ပိုင်းတွင် သတ်မှတ်ချက်မပြည့်သည့် ပုဂ္ဂလိက ဆေးရုံဆေးခန်းများ စည်းကမ်းမလိုက်နာသည့် ဆေးရုံဆေးခန်းများအား လုပ်ကိုင်ခွင့်ရပ်ဆိုင်းထားမည်ဖြစ်ပြီး အရေးယူမှုများလည်း ပြုလုပ်သွားမည်ဖြစ်သည်ဟု TNLA ကထုတ်ပြန်ထားသည်။
၁၀၂၇ စစ်ဆင်းရေးစတင်ပြီးနောက် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှ TNLA သည် နမ့်ခမ်းမြို့ပေါ်တွင် အုပ်ချုပ်ရေးယန္တရား စတင်ခဲ့သည်။
****
Telegram – > https://thanlwinkhet.net/?p=10397
YouTube -> https://youtu.be/KwSXeUzdSnI?si=IYEm8j7oervYx5q0
Website -> https://thanlwinkhet.net/?p=10397