• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နိုင်ငံတကာသတင်း»ရိုဟင်ဂျာများနေရပ်ပြန်ရေးကသာ တစ်ခုတည်းသောအဖြေ ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးပြော
နိုင်ငံတကာသတင်း

ရိုဟင်ဂျာများနေရပ်ပြန်ရေးကသာ တစ်ခုတည်းသောအဖြေ ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးပြော

thanlwinkhetBy thanlwinkhetMay 20, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ရိုဟင်ဂျာများနေရပ်ပြန်ရေးကသာ တစ်ခုတည်းသောအဖြေ ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးပြော
*******

သံလွင်ခက်
မေ ၂၀၊ ၂၀၂၄။

နိုင်ငံသားအခွင့်အရေးနှင့် ဂုဏ်သိက္ခာရှိရှိနေရပ်ပြန်ရေးကသာ လက်ရှိကြုံနေရသော ရိုဟင်ဂျာအကြပ်အတည်းအတွက် နောက်ဆုံးဖြေရှင်းချက်ဖြစ်ပြီး ဒေသတွင်းအင်အားကြီးနိုင်ငံများဖြစ်ကြသည့် တရုတ်နှင့် အိန္ဒိယက အဆိုပါ အကြပ်အတည်းအား စေ့စပ်ဆွေးနွေးရေးနည်းလမ်းဖြင့်ဖြေရှင်းပေးရန် အရေးကြီးသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟာဆန် မာမွတ် က ယမန်နေ့ကပြောကြားလိုက်သည်။

“နေရပ်ပြန်ရေးကသာ တစ်ခုတည်းသောအဖြေပဲ” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နိုင်ငံရပ်ခြားသတင်းထောက်များအသင်း – OCAB ကကျင်းပသော ရိုဟင်ဂျာအကြပ်အတည်းဆိုင်ရာဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

တဆက်တည်းမှာပင် ၎င်းက “အိန္ဒိယနဲ့ တရုတ်တို့လို ဒေသတွင်းအင်အားကြီးနိုင်ငံတွေရဲ့အခန်းကဏ္ဍက အရေးကြီးပါတယ်။ သူတို့ကသာဖြေရှင်းပေးမယ်ဆိုရင် ဒီအကြပ်အတည်းကြီးပြေလည်မယ်လို့လည်း ကျွန်တော်တို့ယုံကြည်ပါတယ်”ဟုပြောသည်။

လက်ရှိဒုက္ခသည်စခန်းများတွင်နေထိုင်နေကြသော ရိုဟင်ဂျာများ၏ လိုအပ် ချက်များအား ဖြည့်ဆည်းပေးနေခြင်းနှင့် တတိယနိုင်ငံများဆီပို့ဆောင်ပေးခြင်းက အကြပ်အတည်းကိုပြေလည်စေမည့်နည်းလမ်းမဟုတ်ဟုလည်း ဟာဆန် ကပြောသည်။

ရာဂဏန်းမျှသောရိုဟင်ဂျာတို့အား အနောက်နိုင်ငံများအပါအဝင် တတိယနိုင်ငံကိုပို့ဆောင်ပေးခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးရုံးအရာရှိများကပြောဆိုနေကြသော်လည်း အဆိုပါပြောဆိုမှုများက ရိုဟင်ဂျာများအတွက် မှားယွင်းသောသတင်းစကားများဖြစ်နိုင်ကြောင်းနှင့် ၎င်းတို့နေရပ်ဖြစ်သည့် ရခိုင်ပြည်နယ်ပြန်ရန် အခွင့်အရေးများဆုံးရှုံးသွားနိုင်ကြောင်း ၎င်းကဆိုသည်။

ကမ္ဘာလုံးဆိုင်ရာဖိအားများနှင့်ရင်ဆိုင်နေရသော မြန်မာအာဏာပိုင်များက ဖိအားများလျှော့ချရန်အတွက် ရိုဟင်ဂျာများနေရပ်ပြန်ပို့ရေးလုပ်ငန်းစဥ်ကိုစတင်ရန် ဆန္ဒရှိနေသည်ဟုလည်း ဟာဆန် က အဆိုပါအခမ်းအနားတွင်ပြော ကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ် စစ်တပ်၏အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် ရိုဟင်ဂျာ ၇၀၀,၀၀၀ နီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ဟာဆီနာ ကလည်း နယ်စပ်ဂိတ်ကိုဖွင့်ပေးခဲ့ပြီး ရိုဟင်ဂျာများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ဝင်ရောက်ခွင့်ပြုခဲ့သည်။
“လက်ရှိအချိန်မှာတော့ ကော့ဘဇားရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ ၁ ဒဿမ ၃ သန်းနီးပါးရှိနေပြီ”ဟု နိုင်ငံခြားရေးဝန်ကြီးကဆိုသည်။

ရိုဟင်ဂျာများအတွက် နိုင်ငံတကာ၏ထောက်ပံ့နေမှုများ ယမန်နှစ်က လျော့ကျသွားခဲ့သော်လည်း ယခုနှစ်အတွင်း ပြန်လည်တိုးလာမည်ဟုမျှော်လင့်ရကြောင်းနှင့် အဆိုပါရန်ပုံငွေများအား ပွင့်လင်းမြင်သာစွာအသုံးပြုသွားမည်ဟုလည်း ၎င်းကဆိုသည်။

Ref: Dhaka Tribune
ဓာတ်ပုံ – Dhaka Tribune
ပုံစာ – ကော့ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း။

မှတ်ချက်။ ။ မူရင်းသတင်းအရေးအသားအတိုင်း ရိုဟင်ဂျာ ဟုသုံးနှုန်းပြီး ဘာသာပြန်ဆိုထားပါသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleချင်းပြည်နယ်က ကျီးခါးမြို့ကို CNA ပူးပေါင်းတပ်ထိန်းချုပ်
Next Article ကျင်ဒွေးမြို့မှဆုတ်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ရှောင်ပြည်သူများအား ဖမ်းဆီးနေ
thanlwinkhet
  • Website

Related Posts

လစ်ဗျားစစ်ဦးစီးချုပ်နှင့် ထိပ်တန်းစစ်ခေါင်းဆောင်များ လေယာဉ်ပျက်ကျသေဆုံး၊ နိုင်ငံတော်ဝမ်းနည်းခြင်းအထိမ်းအမှတ် ကြေညာ

December 24, 2025

အမျိုးသားသီးသန့်စင်တာကို စီးနင်းရာတွင် အစိုးရဝန်ထမ်းများအပါအဝင် ၂၀၀ ကျော်ဖမ်းဆီးခံရ

December 1, 2025

နေ့ခင်းအရက်သောက်သူကိုပါ ဒဏ်ငွေ ဘတ် ၁ သောင်း သတ်မှတ်၊ ထိုင်းဥပဒေသစ် စတင်အသက်ဝင်

November 8, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.