ခြေသံလုံလုံနဲ့ အောင်ပွဲတွေရနေတဲ့ ဖာပွန်စစ်ဆင်ရေး (ကရင်ဘာသာ)
****
သံလွင်ခက်
ဧပြီ ၃၀၊ ၂၀၂၄။
ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ ၅ နယ်မြေမှာရှိတဲ့ တော်လှန် ရေးပူးပေါင်းတပ်တွေက ခရိုင်အဆင့်ရုံးစိုက်ရာမြို့ဖြစ်တဲ့ဖာပွန်မြို့ကို သိမ်း ပိုက်နိုင်ရေးအတွက် မတ်လ ၁၉ ရက်မှာ စစ်ဆင်ရေးတစ်ရပ် စတင်ဆင်နွှဲခဲ့ပါတယ်။
မတ်လ ၂၇ ရက်မှာတော့ တော်လှန်ရေးတပ်တွေက မြို့ကိုထိန်းချုပ်လိုက်ပြီး စစ်ကောင်စီတပ်တွေကတော့ မြို့ တောင်ဘက်မှာရှိတဲ့ အခြေချစစ်ဗျူဟာဆီခွာစစ်ဆင်ရင်း ခုခံနေရပါတယ်။
KNU တပ်မဟာ-၆နယ်မြေ မြဝတီမြို့ဘက်ကို နိုင်ငံတော်အဆင့်ထိုးစစ်တစ်ရပ်ဆင်နွှဲနေရတဲ့အတွက် စစ်ကောင်စီဟာ စစ်ရေးအရတဖြေးဖြေးအရေးနိမ့်လာတဲ့ ဖာပွန်စစ်မျက်နှာကိုတော့ စစ်ကူအင်အားမပို့ပေးနိုင်တော့တာကို တွေ့ရပါတယ်။
ဖာပွန်ဒေသမှာ စစ်ကောင်စီအင်အားဘယ်လောက်ရှိခဲ့လဲ. . .?
အာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ်မှာကတည်းက KNU က မြန်မာစစ်တပ်ကို ဘယ်လိုရာဇသံပေးခဲ့လဲ. . . ?
စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဘယ်လိုကြားဖြတ်တိုက်ခိုက်နေသလဲ. . . .? စတာတွေကို ဒီဗီဒီယိုဖိုင်မှာ အပြည့်အစုံရှင်းပြထားပါတယ်။