နမ့်ဆန်မြို့နယ်တွင်မီးလောင်၍ ပြည်သူ ၁ ဦးသေဆုံး
****
ယမင်းဖူးပွင့်အောင်
မေ ၁၆၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်တွင် မီးလောင်မှုကြောင့် ပြည်သူ ၁ ဦး မီးလောင်သေဆုံးပြီး နေအိမ် ၃ လုံးပြာကျပျက်စီးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်အုပ်စု၊ အုမ်းတက်ကျေးရွာတွင် ယမန်နေ့နံနက် ၅နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့
ရာ ပြည်သူ ၁ ဦး မီးထဲပါသွားပြီး နေအိမ် ၃ လုံး ပြာကျခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မ တော် -TNLA က ယနေ့တွင်ထုတ်ပြန်သည်။
ယာမယ်ကျော်ထွန်းနေအိမ်၏ မီးအကြွင်းအကျန်ကတဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ကပ်လျက်ဘေးအိမ် ၂ အိမ်ကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့သဖြင့် နေအိမ်တွင်းအိပ်ပျော်နေသော အသက် ၂၀ ကျော်အရွယ် ကိုမိုင်းအောင် မီးလောင်ကျွမ်းသေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
သေဆုံးသူ မိုင်းအောင်သည် ဆွံ့အနားမကြားဝေဒနာခံစားနေရသူ ၁ ဦးဖြစ်ပြီး မီးလောင်ချိန်တွင် ထွက်မပြေးနိုင်သောကြောင့် မီးလောင်ကျွမ်းသေဆုံးသွားခဲ့သည်ဟု TNLA ကဆိုသည်။
မီးလောင်ကျွမ်းသွားသည့်နေအိမ်သည် သွပ်ပျဥ်ထောင် ၂ ထပ်အိမ်ဖြစ်ပြီး မီးအရှိန်များသဖြင့် ကူးစက်လောင် ကျွမ်းခဲ့သည့် ဘေးအိမ် ၂ အိမ်ရှိ အတွင်းပစ္စည်းများအားလုံးလည်း မီးအတွင်းပါသွားခဲ့သည်ဟုသိရသည်။
ဓာတ်ပုံ – TNLA