စစ်ကောင်စီလက်နက်ကြီးကြောင့် သံတောင်ဒေသခံများထွက်ပြေးနေရ
********
သဇင်
မေ ၁၆၊၂၀၁၄။
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ၇ မိုင်ကျေးရွာအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အတွက် ဒေသခံများ တိမ်းရှောင်နေရသည်ဟု ဒေသခံများထံကသိရသည်။
ယမန်နေ့ မေလ ၁၅ ရက် ညဦးပိုင်း ၈နာရီခန့်ကနေ ည၁၂ နာရီအချိန်ထိ ၇ မိုင်ကျေးရွာထိပ်ရှိ စစ်ကောင်စီစခန်းကုန်းရှိတပ်ဖွဲ့ဝင်များက ၇ မိုင်ကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
၇ မိုင်ကျေးရွာ ဒေသခံအမျိုးသမီး ၁ ဦးက ”မနေ့ည ၈ နာရီလောက်ကဖြစ်တာ။ အိမ်ရှေ့မှာ ၂ လုံးလာကျပြီးတော့ စုစုပေါင်း ရွာထဲမှာ ၈ လုံးကျတယ်။ ကျွန်မတ်ို့အိမ်မှာ ပထဆုံး ၁ လုံးလာကျတော့ အစပဲစင်တယ်။ နောက် ၁
လုံးလာကျတဲ့အချိန်ကျတော့ နံရံတွေ ပေါက်ကုန်တယ်” ဟုဆိုသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ၇ မိုင်ကျေး ရွာအတွင်းရှိနေအိမ်အချို့နှင့် ဆိုလာပြားအပြင် ကျေးရွာဒေသခံတချို့ ထိခိုက်မှုရှိခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေ အနေအသေးစိတ်ကို သံလွင်ခက်က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
လက်ရှိတွင် ၇ညမိုင်ကျေးရွာရှိဒေသခံအချို့သည် နီးစပ်ရာ ဆွေမျိုးအိမ်၊ဘုန်းကြီးကျောင်းနှင့် စစ်ဘေးရှောင် ကူညီပေးရေးနေရာများတွင် တိမ်းရှောင်နေကြရသည်ဟု စစ်ဘေးရှောင်အရေး ကူညီသူ ၁ ဦးက ဆိုသည်။
၎င်းက “မနေ့က တစ်ညလုံးပုန်းရှောင်နေရင်းနဲ့ မနက် ၄ နာရီလောက်မှာလည်း ထပ်ပစ်တော့ အဲ့တာနဲ့ သူတို့ ထွက်ပြေးလာကြတယ်။ ကျွန်တော်တို့ဘက်က လောလောဆယ် စစ်ဘေးရှောင် ၁၀၀ လောက်ကို သွားခေါ်ပြီး ကူညီပေးထားပါတယ်”ဟုပြောသည်။
အဆိုပါ ၇ မိုင်ကျေးရွာသည် အိမ်ခြေ ၁၅၀ ခန့်ရှိသည့် ကျေးရွာဖြစ်ပြီး ကျေးရွာဒေသခံ ထောင်ချီနေထိုင်ကာ လက်ရှိတွင် ဒေသခံထက်ဝက်ခန့်တိမ်းရှောင်နေကြသည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရသည်။
၇ မိုင်ကျေးရွာထိပ်တွင် အထိုင်ချထားသော စစ်ကောင်စီတပ်သည် လက်နက်ကြီးပစ်ခတ်မှုများ မကြာခဏပြု လုပ်လေ့ရှိပြီး ၇ မိုင်ကျေးရွာကို ပထမဆုံးအကြိမ် ကျရောက်ပေါက်ကွဲခြင်းဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့် မေလ ၁ ရက် မနက်ပိုင်းတွင် သံတောင်ကြီးမြို့နယ် ၁၃ မိုင်၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူး ပေါင်းတပ်များကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ၁၃ မိုင်စစ်ကောင်စီတပ်စခန်းကနေ ပျားစခန်းကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သေးသည်။
ဓာတ်ပုံ – ပေးပို့။
ပုံစာ – ၇ မိုင်ကျေးရွာဒေသခံများ။