ယမင်းဖူးပွင့်အောင် ဇူလိုင် ၆၊ ၂၀၂၃။ ပဲခူးတိုင်းတွင် စစ်ပန်းနေသည့် စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်၍ စစ်ရေးအရှိန်မြှင့်တင်ရန် လုပ်ဆောင်နေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။ ပဲခူးတိုင်း၏ စစ်ရေးအခြေအနေကို ခံစစ်မှ ထိုးစစ်ဆင်တိုက်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ပြည်ခရိုင် တပ်ရင်း ၃၆၀၂ ၏ ဒုတပ်ရင်းမှူး ခွန်ဇော်က သံလွင်ခက်ကိုပြောသည်။ “အခုချိန်မှာ ERO(တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့များ)…
Browsing: တိုက်ပွဲသတင်း
သံလွင်ခက် ဇူလိုင် ၅ ၊ ၂၀၂၃။ စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်း စစ်ရေးပစ်မှတ်များအပြင် အရပ်သားပစ်မှတ်များကိုပါ လေကြောင်းမှတိုက်ခိုက်နေရာ စစ်ရှောင်များနှင့် ဒေသခံပြည်သူများ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများဆက်တိုက် ဖြစ်ပွားနေသည်။ ပြီးခဲ့သည့် ဇွန်လမှစ၍ စစ်ရေး ပိုမို ပြင်းထန်လာနေသည့် ကရင်နီပြည်နယ်အတွင်းကို စစ်ကောင်စီက ဝေဟင်၊မြေပြင်တို့မှ ထိုးစစ်ဆင်နေရာ လေကြောင်းတိုက်ခိုက်မှုများ နေ့စဥ်နီးပါး…
သံလွင်ခက် ဇူလိုင် ၅၊ ၂၀၂၃။ ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်၏ သံချပ်ကာယာဉ် နှစ်စီးကို ဖျက်ဆီးနိုင်ခဲ့သည့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က သိန်း ၄၀၀၀ ကျပ် ဂုဏ်ပြုချီးမြှင့်ခဲ့သည်ဟု ယမန်နေ့ ဇူလိုင်လ၄ ရက်၌ ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၏ မှတ်တမ်းများအရ သိရသည်။…
သံလွင်ခက် ဇူလိုင် ၅ ၊ ၂၀၂၃ ။ ပြီးခဲ့သည့်ဇွန်လအတွင်း၌ ရှမ်းတောင်ပိုင်းရှိ မိုးဗြဲနှင့်ဖယ်ခုံတို့အပါအဝင် ကရင်နီပြည်တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ နီးပါး သေဆုံးခဲ့သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကယနေ့တွင်ထုတ်ပြန်သည်။ ဇွန်လ တစ်လတာအတွင်း၌ ကရင်နီပြည်နယ်တွင် လွိုင်ကော်၊ ဒီးမော့ဆို နှင့် ရှားတောတို့တွင် တိုက်ပွဲငယ်များဖြစ်ပွားခဲ့ပြီး၊…
သံလွင်ခက် ဇူလိုင် ၄၊ ၂၀၂၃။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် အခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF သည် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့နှင့်တိုက်ပွဲဆင်နွှဲရန် လက်နက်၊ ခဲယမ်းများ အရေးပေါ်လိုအပ်လျက်ရှိသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။ လက်နက်၊ခဲယမ်းအတွက် ငွေကြေး အပြင် သယ်ယူရန် လမ်းကြောင်း အခက်အခဲများနှင့်လည်း ကန်ပက်လက်CDF ကြုံနေကြရသည်။ လက်နက်၊ခဲယမ်း မလုံလောက်မှုများနှင့်ပတ်သက်၍…
ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ်နှစ်စီး ကြားဖြတ်တိုက်ခံရ ****************** ကောင်းချစ်အောင် ဇူလိုင် ၄၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အမြင့်မြို့ဟောင်းမှ မုံရွာမြို့ဘက်သို့ ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသည့် စစ်ကောင်စီရေယာဉ်နှစ်စီးကို လက်နက်ကြီးငယ်များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု Chindwin Attack Force ထံမှသိရသည်။ ယမန်နေ့ ည၈နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် အမြန်ရေယာဉ် (Speed…
ယမင်းဖူးပွင့်အောင် ဇွန် ၁၀၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းအနီးတစ်ဝိုက်က ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးမီးရှို့နေသည်ဟု ဒေသခံများထံက သိရသည်။ ညောင်ပင်ကြီးရဲစခန်းကို ယမန်နေ့ ညနေ ၄ နာရီခန့်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သွားတိုက်ခဲ့ပြီးနောက် မုံရွာဘက်ကမ်းမှ စစ်ကူများ ဝင်ရောက်လာပြီး ရဲစခန်းအနီးတစ်ဝိုက်ရှိကျေးရွာများကို စစ်ကြောင်းထိုးမီးရှို့နေခြင်းဖြစ်သည်။ စစ်ကြောင်းထိုး…
မေသံလွင်။ ဇွန် ၉ ၊ ၂၀၂၃။ ပဲခူးတိုင်း၊ ကျောက်ကြီးမြိုနယ်၊ သိမ်းတန်းရပ်ကွက်ရှိ ကျောက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဌာနဆိုင်ရာဝန်ထမ်းများ အစည်းအဝေးပြုလုပ်နေချိန်တွင် ဒရုန်းဖြင့် ဗုံးကြဲခံခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။ ယနေ့ ဇွန်လ ၉ ရက် မနက် ၁၁နာရီဝန်းကျင်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရဖြင်းဖြစ်သည်ဟု ကျောက်ကြီးမြို့နယ် ဒေသခံတစ်ဦးက သံလွင်ခက်သတင်းဌာနကို…
ကောင်းချစ်အောင် ဇွန် ၉၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ရေကန်စုရွာအနီးရှိ ကာကွယ်ရေးစခန်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်များကရုတ်တရက်စီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။ ယမန်နေ့ ဇွန်လ ၇ ရက် နံနက်ငါးနာရီကျော်ခန့်တွင် စစ်ကောင်စီတပ်များသည် ရေကန်စုရွာထဲသို့ အင်အား၈၀ခန့်ဖြင့် ခြေလျင်စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာအနီးရှိစခန်းကို အလစ်အငိုက်တိုက်ခိုက်ခဲ့သည့်အတွက် ရဲဘော်လေးဦးကျဆုံးခဲ့ခြင်းဖြစ်သည်ဟု မုံရွာခရိုင်အမှတ်-၂၇တပ်ရင်း ယာယီတပ်ရင်းမှူးကိုစိုးကြီးက သံလွင်ခက်ကိုပြောသည်။…
နန်းဆုပန်ခန့် ဇွန် ၈၊ ၂၀၂၃။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်းရှိ ရွာတန်းရှည်ကျေးရွာအတွင်းကို စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သောကြောင့် မိသားစုသုံးဦးထိခိုက်ခဲ့ပြီး ကလေးတစ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည် ။ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် ကေအဲန်ယူ တပ်မဟာ ၆၊ ကော့ကရိတ်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာအတွင်းသို့ ယမန်နေ့ ဇွန်လ ၇ရက်၊ နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်၏ စကခ−၁၂…