သံလွင်ခက် ဇွန် ၁ ၊ ၂၀၂၃ ။ မိုးဗြဲအနောက်ခြမ်းရှိ ကယန်းပြည်သစ်တပ်မတော် လုံခြုံရေးဂိတ်ကို စစ်ကောင်စီလေတပ်က တိုက်လေဖြင့် ယနေ့နံနက်အစောပိုင်း၌ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ယနေ့ဇွန်လ ၁ရက် နံနက်၄နာရီဝန်းကျင်အချိန်တွင် မိုးဗြဲ-ပီကင်းလမ်းပေါ်ရှိ ကယန်းဒေသနယ်မြေလုံခြုံရေး ဂိတ်တစ်ခုကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံး၂လုံးကြဲချ တိုက်ခိုက်ခဲ့သည်။ အဆိုပါဂိတ်သည်…