Browsing: တိုက်ပွဲသတင်း

Loading

အရပ်သားပစ်မှတ်များကိုရည်ရွယ်၍လေကြောင်း တိုက်ခိုက်မှုကို တွင်တွင်ကျယ်ကျယ်အသုံးပြုနေသော စစ်ကောင်စီတပ်သည် လေကြောင်းမှ ရိက္ခာပို့စဥ်အတွင်းမှာပင် ကျေးရွာများအတွင်းသို့ ဗုံးသီးများပါကြဲချ၍တိုက်ခိုက်လျက်ရှိနေသည်။ စစ်ကောင်စီတပ်က ရှေ့တန်းစခန်းများသို့ လေယာဥ်ဖြင့် ရိက္ခာပို့ရာတွင် ကျေးရွာများနှင့် လယ်ယာ၊ဥယျာဥ်များအတွင်း ဗုံးသီး ၈လုံးကြဲချ၍ တိုက်ခိုက်ခဲ့သည်ဟု ကေအဲန်ယူ တပ်မဟာ ၅ မူတြော်သတင်းစဥ်က ယမန်နေ့တွင်ဖော်ပြထားသည်။ ကရင်ပြည်နယ်၊ မူတြော်ခရိုင်( ဖာပွန်ခရိုင်) ကေအဲန်ယူတပ်မဟာ…

Read More

Loading

စစ်ကောင်စီတပ်နှင့် ၆နာရီကြာ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး မြန်မာ့တော်ဝင်နဂါးတပ်တော် ရဲဘော် ၆ ဦးကျဆုံး ************************ ဖေဖော်ဝါရီ၊ ၂၀၂၃။ မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)နှင့် စစ်ကောင်စီတပ်တို့အကြား ၆နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး MRDAဘက်မှ ရဲဘော် ၆ ဦးကျဆုံးခဲ့သည်ဟု သိရသည်။ ယခုနှစ် ဇန်နဝါရီ၃၁ရက်တွင် ယင်းမာပင်မြို့နယ် ညောင်ပင်ရွာကျေးရွာ အရှေ့တောင်ဘက်နေရာ၌ စစ်ကောင်စီတပ်နှင့် MRDA…

Read More

Loading

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်အရှေ့ဘက်ခြမ်းရှိ မဟာမိတ်ကာကွယ်ရေးတပ်ဖွဲ့များကို ကူညီရန်သွားရာလမ်းတွင် စစ်ကောင်စီစစ်ကြောင်းနှင့် ပက်ပင်းတိုးကာ ပစ်ခတ်ခံခဲ့ရသည်ဟု Shadow လက်နက်ကြီးနှင့်ထုတ်လုပ်ရေးအဖွဲ့ထံမှ သိရသည်။ Shadow ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည်ယင်းမာပင်မြို့နယ် အရှေ့ဘက်ခြမ်းရှိ မြရိပ်ရွာအနီးအရောက်တွင် စစ်ကောင်စီတပ်နှင့်ထိပ်တိုက်တိုးပြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခံရမှုကြောင့် ဆုတ်ခွာခဲ့ရသည်ဟု Shadow အဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်အစောက သံလွင်ခက်ကိုပြောသည်။ “နံနက်၁၀နာရီဝန်းကျင်လောက်မှာ စစ်ကြောင်းနဲ့တိုးတယ်။ သူတို့ဆက်တိုက်ပစ်တာ။ လူအထိအခိုက်တော့မရှိပေမယ့် လက်နက်ခဲယမ်းတွေတော့ဆုံးရှုံးခဲ့တယ်”ဟု…

Read More

Loading

ကော့ကရိတ်၊ ကျုံဒိုးတိုက်ပွဲ စစ်ကောင်စီတပ်မှ ၉၀ ကျော်သေဆုံးပြီး အထိအခိုက်များစွာဖြင့် တပ်ပြန်ဆုတ် ****************************** ဇန်နဝါရီ ၂၆ ၊ ၂၀၂၃ ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးရှိ ကျေးရွာများတွင် တပ်စွဲထားသောစစ်ကောင်စီတပ်များနှင့် Lion Battalion Commando – ဗျူဟာစစ်ကြောင်းအပါအဝင် မဟာမိတ်တပ်ဖွဲ့များအကြား ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က…

Read More

Loading

ဘုရားသုံးဆူတွင်တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိ ******************************* ဇန်နဝါရီ ၂၄ ၊ ၂၀၂၃ ။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူတွင် ယမန်နေ့ညပိုင်းမှစ၍ ယနေ့နံနက်ပိုင်းအထိတိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ဘုရားသုံးဆူမြို့ရှိ ထွေအုပ်ရုံး၊ စရဖရုံး၊ စည်ပင်ရုံး၊ လဝကရုံးနှင့် မြေစာရင်းရုံးများကို မြို့ပြပြောက်ကျားတပ်ဖွဲ့များက ယမန်နေ့ညပိုင်းတွင် တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့နံနက်ပိုင်း၌…

Read More

Loading

NUG PDF တပ်ရင်းရှေ့တန်းစခန်းတစ်ခု ဝေဟင်၊မြေပြင်တို့မှ စီးနင်းတိုက်ခိုက်ခံရ ******************************** ဇန်နဝါရီ ၂၄ ၊ ၂၀၂၃ ။ စစ်ကောင်စီတပ်က အင်အားအလွန်အကျွံအသုံးပြု၍ ဝေဟင်နှင့် မြေပြင်တို့မှနေ၍ ရှေ့တန်းစခန်းနေရာတစ်ခုအား စီးနင်းတိုက်ခိုက်ခဲ့သောကြောင့် စစ်ကြောင်းမှူးတစ်ဦး ကျဆုံးခဲ့ရသည်ဟု NUG PDF တပ်ရင်းအမှတ် (၁၂၂၂)က ယမန်နေ့တွင်သတင်းထုတ်ပြန်သည်။ ယခုလ ဇန်နဝါရီ…

Read More

Loading

ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီဌာနရုံးများကို မြို့ပြပြောက်ကျားတပ်ဖွဲ့ မီးရှို့ဖျက်ဆီး ******************************** ဇန်နဝါရီ ၂၄၊ ၂၀၂၃ ။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီဌာနရုံးများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဘုရားသုံးဆူမြို့ပြပြောက်ကျားအဖွဲ့တာဝန်ရှိက သံလွင်ခက်ကို ပြောသည်။ ယမန်နေ့ ဇန်နဝါရီလ၂၃ရက် ညပိုင်းတွင် ဘုရားသုံးဆူမြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ စည်ပင်ရုံးနှင့်လူဝင်မှုကြီးကြပ်ရေးရုံးတို့ကို မြို့ပြပြောက်ကျားတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည်။ “…

Read More

Loading

အစမ်းခန့် ဒုဗိုလ်မှူးကြီးနှင့် တပ်ဖွဲ့ဝင်လေးဦး ပစ်ခတ် ဖမ်းဆီးခံရ *********************** သံလွင်ခက် ဇန်နဝါရီ ၂၃၊၂၀၂၃။ ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ် (ဒုဗိုလ်မှူးကြီး အစမ်းခန့်)နှင့် တပ်ကြပ်ကြီးမြင့်အောင် အပါအဝင် လေးဦးကို တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် PDF များက ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ထုတ်ပြန်လာသည်။ တောင်ငူခရိုင် တပ်ရင်း ၃၅၀၁၊…

Read More

Loading

စစ်ကိုင်းတိုင်း၊  ကသာမြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဦးဆောင်သည့် ဒေသခံပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကြား ဇန်နဝါရီလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့ထိ တိုက်ပွဲဖြစ်ပွါးခဲ့သည်။ သုံးရက်တာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်ကြောင်းမှူးနှင့် အရာရှိဗိုလ်ကြီးများ အပါအဝင် တပ်ဖွဲ့ဝင် ၅၀ ခန့်သေဆုံးခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ အင်အား ၈၀…

Read More

Loading

ကျေးရွာများကို မီးပတ်ရှို့နေသည့် စစ်ကြောင်းကို ကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက် ************************************************ ဇန်နဝါရီ ၁၇၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ကျေးရွာများကိုမီးပတ်ရှို့နေသည့် စစ်ကောင်စီ လက်အောက်ခံစစ်ကြောင်းကို ဒေသခံ ကာကွယ်ရေးတပ်များက အလစ်အငိုက်တိုက်ခိုက်ခဲ့သဖြင့် ထိခိုက်ကျဆုံးမှုများနိုင်ကြောင်း သိသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက်၊နေ့လည် ၁၁ နာရီဝန်းကျင်တွင် ကနီမြို့နယ်အတွင်းရှိ…

Read More