Year: 2025

တရုတ်နိုင်ငံ၏ ဖိအားကြောင့် သိမ်းပိုက်ထားသော လားရှိုးမြို့မှ ပြန်လည်ဆုတ်ခွာမည်ဟု သတင်းများထွက်ပေါ်လာသဖြင့် ဝေဖန်မှုများစွာ ရင်ဆိုင်နေရသော ကိုးကန့်တပ်(MNDAA)သည် ဧပြီလ ၂ ရက်တွင် ကျဆုံးသော သူရဲကောင်းရဲဘော်များအတွက် အောက်မေ့ဖွယ်ဂုဏ်ပြုအခမ်းအနားကို ကျင်းပခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ဧပြီလ ၇ ရက်တွင် ထုတ်ပြန်ခဲ့သော အဆိုပါအခမ်းအနားကို ကိုးကန့်တပ်ထိန်းချုပ်နယ်မြေ၊ ရန်လုံကျိုင်းသူရဲကောင်းဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး တရုတ်၏…

Read More

ဧပြီလ ၇ ရက်တွင် ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်း ခလရ ၂၆၈ ကုန်းကို ချင်းညီနောင်နှင့် တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်လိုက်နိုင်သဖြင့် ဖလမ်းမြို့က စိုးမိုးနိုင်ခဲ့သည်။ ထိုသို့သိမ်းပိုက်နိုင်ရေးအတွက် ချင်းညီနောင် စစ်ဆင်ရေး (Operation CB)အဖြစ် ချင်းညီနောင်အဖွဲ့(Chin Brotherhood – CB) နှင့် အာရက္ခတပ်တော်(AA)တို့က ၂၀၂၄…

Read More

၂၀၂၅ ခုနှစ်၊ ဧပြီလ ၅ ရက်တွင် နှစ် ၄၀ ပြည့်မြောက်ခဲ့သော ကရင်အမျိုးသမီးအစည်းအရုံး(Karen Women’s Organization – KWO) ၏ နှစ်ပတ်လည်အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေအတွင်း ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားတွင် မိတ်ဖက်အဖွဲ့အစည်း ၅၄ ဖွဲ့နှင့် သက်ဆိုင်ရာအဆင့်အလိုက် ၁၀နှစ်အထက်ပါဝင်ခဲ့သူ အမျိုးသမီး ၄၉…

Read More

ငလျင်ဘေးဒဏ်ကြုံတွေ့ခဲ့ရသော ဒေသများတွင် ကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ဆောင်သူများအနေဖြင့် ခွင့်ပြုချက်တောင်းကာ လက်တွဲလုပ်ဆောင်ရမည်ဟု ဒေသစည်ပင်များက ခေါ်ယူပြောဆိုခဲ့ကြောင်းသိရသည်။ မြို့အနှံ့နီးပါးပျက်စီးမှုများကြုံတွေ့နေရသည့် မန္တလေးမြို့တွင် ဧပြီလ ၆ ရက်ညပိုင်းတွင် မြို့တော်စည်ပင်သာယာဦးစီးဌာနမှပြုလုပ်သော အစည်းအဝေးတွင် ငလျင်ဘေးကယ်ဆယ်ရေးလုပ်ဆောင်သူများအနေဖြင့် စည်ပင်တွင် ခွင့်ပြုချက်လျှောက်ထားရမည်ဖြစ်ပြီး ခွင့်ပြုမှသာ လက်တွဲလုပ်ဆောင်ရမည်ဟု ပြောဆိုခဲ့ကြောင်း ဒေသခံပရဟိတလုပ်ဆောင်သူ တစ်ဦးက ပြောသည်။ ” ရပ်ဝေးကရော၊…

Read More

ဧပြီလ ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသည်များ အလည်အပတ်ဗီဇာဖြင့် လာရောက်ခြင်းကို ယာယီပိတ်ထားကြောင်း စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ မကြာသေးခင်က ဖြစ်ပွားခဲ့သောငလျင်ကြောင့် ပိတ်ပင်ရခြင်းဖြစ်ပြီး ပြန်လည်ဖွင့်မည်ရက်ကို ထပ်မံအသိပေးမည်ဖြစ်သည်ဟု ဖော်ပြထားသည်။ “ဧည့်သည်က တဖြည်းဖြည်းလျှော့လာတယ်။ လက်ရှိမှာလည်း ငလျင်ကရှိတော့ ဧည့်သည်အဝင်က အခြေအနေကို မသိရဘူး။ ဒါပေမယ့်…

Read More

ဧပြီလ ၂ ရက် ညနေပိုင်းတွင် စစ်ကောင်စီသည် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ လေးဖိုးထာအုပ်စု၊ နဲကကျေးရွာသို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှစ်ဦးသေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီသည် လေယာဉ်တစ်စီးဖြင့် ဗုံးသုံးလုံးကြဲချခဲ့ရာ ၃ လအရွယ် ယောကျ်ားလေးတစ်ဦးနှင့် အသက်၁၂ အရွယ်၊ မိန်းကလေးတစ်ဦးတို့သေဆုံးခဲ့ရသည်ဟု…

Read More

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဧပြီလ ၆ ရက်တွင် မန္တလေးမြို့သို့ ကယ်ဆယ်ရေးရောက်ရှိနေသော တရုတ်အဖွဲ့ကို တွေ့ဆုံအားပေးခဲ့သည်ဟု မြန်မာနိုင်ငံတရုတ်သံရုံးက သတင်းထုတ်ပြန်ထားသည်။ အဆိုပါသတင်းထုတ်ပြန်ချက်တွင် စစ်ခေါင်းဆောင်အား “မြန်မာနိုင်ငံအကြီးအကဲ” ဟု သုံးနှုန်းကာ တရုတ်ကိုယ်စားလှယ်အဖွဲ့၊ တရုတ်တပ်သားပါ ပါဝင်ဖွဲ့စည်းထားသော တရုတ်နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့နှင့် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသကယ်ဆယ်ရေးအဖွဲ့တို့၏ လာရောက်ကူညီသည့်အပေါ် ကျေးဇူးတင်ရှိကြောင်းပြောဆိုခံသည်ဟု ဖော်ပြထားသည်။ အဆိုပါ…

Read More

ငလျင်ဘေးဒဏ်ကြုံတွေ့နေရသော မြန်မာနိုင်ငံအတွက် ကယ်ဆယ်ရေးများလုပ်ဆောင်ရန် ရောက်ရှိလာသော အမေရိကန်နိုင်ငံမှ ခရစ်ယာန် ပရဟိတအဖွဲ့Samaritan Purse၏ ယာယီဆေးရုံကို နေပြည်တော်တွင် ဆောက်လုပ်ရန် စစ်ကောင်စီက ခွင့်ပြုချက်ပေးခဲ့သည်ဟု သတင်းထုတ်ပြန်ထာသည်။ အမေရိကန်နိုင်ငံမှ ခရစ်ယာန် ပရဟိတအဖွဲ့Samaritan Purse အနေဖြင့် မြန်မာနိုင်ငံရှိငလျင်ဘေးသင့်ပြည်သူများအား ကူညီနိုင်ရန်အတွက် လေယာဉ် ၂ စီးဖြင့် ဧပြီလ ၂…

Read More

ငလျင်ဘေးကြုံတွေ့နေရသော မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုဆိုင်ရင် အကူအညီနှင့် ဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် တပ်ဖွဲ့ဝင် ၅၅ ဦးပါသော အဖွဲ့အား ဒုတိယအသုတ်စေလွှတ်မည်ဟု ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အဆိုပါအဖွဲ့တွင် အုပ်ချုပ်ရေးအဖွဲ့ဝင် ၅ ဦး၊ ချိတ်ဆက်ညှိနှိုင်းရေးမှူး ၄ဦး၊ အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုပေးသူ ၂၂ ဦး၊ အင်ဂျင်နီယာ ၁၂ ဦး၊ ရှာဖွေကယ်ဆယ်ရေး ၆…

Read More

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆောက်လက်စ စာရင်းစစ်ချုပ်ရုံး ပြိုကျမှုတွင် သေဆုံးသူများကို ထိုင်းအစိုးရမှ လျော်ကြေး တစ်ဦးလျှင် ဘတ် ၁၇ သိန်းပေးမည်ဟု ပြောဆိုထားသော်လည်း မြန်မာ‌ရွှေ့ပြောင်းလုပ်သားများမှာ အမှုဖွင့်တိုင်ကြားသူ မရှိသည့်အတွက် ရရှိရန် ခက်ခဲနေသည်ဟု မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ Worker Alliance Group (WAG) မှ ကိုမုန်တိုင်းက…

Read More