ခင်သရဖီဦး ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကွမ်းတောင်၊ အောင်ဖြူပြင်၊ ယိုးတရုတ်ကျေးရွာတို့အား စစ်ကော်မရှင်က လက်နက်ကြီးများ အပြင် လေကြာင်းမှပါ ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ ငါးဦး သေဆုံး ပြီး ၉ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ယနေ့ နံနက် ၁၁…
Month: November 2025
ဖိုးသောကြာ စစ်ကော်မရှင်တပ်က နယ်စပ်ဒေသရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ဟန်ပြနှိမ်နင်းနေပြီး ယင်းလုပ်ငန်းများမှ စွန့်ခွာလာသည့် နိုင်ငံခြားသားဝန်ထမ်းများကို ပုံစံမျိုးစုံဖြင့် နေရာရွှေ့ပြောင်းပေးမှုများရှိနေသောကြောင့် ကျုံဒိုးမြို့နယ်တွင် အရေးပေါ် ဒေသန္တရစည်းမျဉ်းအချို့ကို ကရင်အမျိုးသားအစည်းရုံး KNU (ကျုံဒိုးမြို့နယ်) က ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ထားသည့် စည်းမျဉ်းများတွင် ဒေသခံများအနေဖြင့် ည ၈ နာရီမှ မနက်…
ခင်သရဖီဦး ရခိုင်ပြည်၊ မောက်တောမြို့နယ် အတွင်းပိုင်းသို့ တရားမဝင် ကျူးကျော်လာသည့် ဘင်္ဂလားဒေ့ချ်ဘက်မှ ငါးဖမ်းသမား ခြောက်ဦးကို အာရက္ခတပ်တော် AA ၏ အာရက္ခကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့က ထပ်မံ ဖမ်းဆီးခဲ့သည်ဟု မြေပြင် သတင်းရင်းမြစ်ထံမှ သိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၅ ရက် နေ့လယ် ၃ နာရီခွဲခန့်တွင် အလယ်သံကျော်ချောင်းဝကမ်းစပ်၌…
ဖိလစ်ပိုင်နိုင်ငံ၏ အချက်အခြာဒေသများကို ဖျက်ဆီးခဲ့သော ကာလ်မေဂီ (Kalmaegi) တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူ အရေအတွက်မှာ ၁၁၄ ဦး အထိ မြင့်တက်လာခဲ့ပြီး ၁၂၇ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီက ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံတွင် မုန်တိုင်း၏ဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရသော စီဘူးပြည်နယ်၌ ရေကြီးရေလျှံမှုများ လျော့ကျသွားသောအခါ…
ဖိုးသောကြာ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ အလယ်ရွာကျေးရွာနေ စစ်ရှောင် မသန်စွမ်းအမျိုးသမီးတစ်ဦးကို လက်နက်ကိုင် တပ်သားတစ်ဦးက အဓမ္မပြုကျင့်ခဲ့ခြင်းနှင့်ပတ်သက်၍ အလေးအနက်ထား စုံစမ်းဖော်ထုတ်ပေးရန် SNA ကို ကတူးအရပ်ဖက်အဖွဲ့စည်းများက နိုင်ဝင်ဘာ ၄ ရက် ရက်စွဲဖြင့် တောင်းဆိုထားသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၃၀၊ ည ၉ နာရီခန့်က မိခင်အပါအဝင်…
မြန်မာနိုင်ငံရှိ နာမည်အကျော်ကြားဆုံး အင်တာနက်လိမ်လည်မှု အချက်အချာနေရာတစ်ခုဖြစ်သည့် KK Park ကို မကြာသေးမီက စစ်တပ် ဝင်ရောက်စီးနင်းခဲ့မှုကြောင့် ထွက်ပြေးလာသော အလုပ်သမားများသည် အနီးအနားရှိ အခြားလိမ်လည်မှုလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ရန် အလုအယက် ကြိုးပမ်းခဲ့ကြရာ လိမ်လည်သူများကို အပြိုင်အဆိုင် ခေါ်ယူမှုများ မြင့်တက်လာခဲ့သည်ဟု AFP သတင်းတွင် ဖော်ပြသည်။ အရှေ့တောင်အာရှတစ်ဝှမ်းတွင် အွန်လိုင်းလိမ်လည်မှုဂိုဏ်းများ…
တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ ဘန်ဒွန်ချိုင်း ကျေးရွာအနီးတစ်ဝိုက်တွင် ကင်းလှည့်နေသည့် အထူးတပ်ဖွဲ့က မြန်မာနိုင်ငံသား ၈ ဦးကို ဖမ်းဆီးမိခဲ့သည်ဟု ထိုင်းတော်ဝင်စစ်တပ်က သတင်းထုတ်ပြန်သည်။ ဖမ်းဆီးမိသူများတွင် အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၂ ဦး ပါဝင်ပြီး ၎င်းတို့သည် မြန်မာနိုင်ငံဘက်မှ တောလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်…
ထိုင်းအာဏာပိုင်များ၏ နောက်ဆုံးထုတ်ပြန်ထားသော မြန်မာဘက် အွန်လိုင်းငွေလိမ်ဂိုဏ်းများမှ လွတ်မြောက်လာသည့် နိုင်ငံခြားသားများတွင် အိန္ဒိယနိုင်ငံသား ၄၆၅ ဦးဖြင့် အများဆုံး ရှိနေသည်ဟု သံလွင်ခက်မှ လက်ခံရရှိသော စာရင်းများအရ တွေ့ရသည်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၇ နာရီအထိ စာရင်းများအရ စုစုပေါင်း လူဦးရေ…
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားမြို့တွင် အမေရိကန်ဒေါ်လာ တစ်သိန်းခွဲနီးပါးနှင့် ညီမျှသော တရုတ်ငွေ ယွမ်ဆယ်သိန်းခန့် တန်ဖိုးရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းသုံး စက်ပစ္စည်းအလုံးရေ တစ်သောင်းခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု အထူးဒေသ (၄) သတင်းပြန်ကြားရေးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။ အောက်တိုဘာလ ၃၁ ရက်က ပြုလုပ်ခဲ့သည် အဆိုပါ ဖျက်ဆီးမှုတွင် မိုဘိုင်းဖုန်းများ၊ ကွန်ပျူတာများနှင့် အင်တာနက်…
ခင်သရဖီဦး အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် မြို့နယ်များတွင် မွေးကင်းစမှ အသက် ၃ နှစ်အောက်ကလေးသူငယ်များကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ကာကွယ်ဆေးများ ထိုးပေးနေသည်ဟု သိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၃ ရက်မှစပြီး ယနေ့ ၄ ရက်အထိ နှစ်ရက်ခန့် ထိုးပေးနေခြင်း ဖြစ်သည်ဟု မြောက်ဦးမှ အသက် ၂၅…