စစ်ကော်မရှင်တပ် ပြည်သူ့စစ်မှုထမ်းတပ်သား ၇ ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၉ ထံသို့ အောက်တိုဘာလ ၁၅ ရက်က လာရောက်ခိုလှုံခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့ သတင်းထုတ်ပြန်သည်။ ခြေလျင်တပ်ရင်း (ခလရ-၇၅) မှ ကျော်ဇေယျ (၂၂ နှစ်)၊ သီဟနိုင်…
Month: October 2025
တအာင်းပြည်၊ နမ့်ဆန်မြိုနယ် ဟိုမိန်းကျေးရွာနှင့် နမ္မတူမြို့တွင် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ထိုသို့ဗုံးကြဲတိုက်ခိုက်ခံရခြင်းကြောင့် ဒေသခံများ၏ နောက်ဆက်တွဲ အခြေအနေများအား သံလွင်ခက်မှ စုံစမ်းနေဆဲဖြစ်သည်။ နေပြည်တော်တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည် ကျင်းပနေသည့်…
မွန်ပြည်နယ် ရေးမြို့နယ် အနီးတွင် ဖြစ်ပွားသည့် ၃ ရက်ကြာ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့သည်ဟု မွန်ပြည်တော်လှန်ရေးတပ် (MSRF)မှ သတင်းထုတ်ပြန်သည်။ မွန်ပြည်နယ် ရေးမြို့နယ် ကနင်ကမော့ရွာ အနီး စစ်ကြောင်းထိုးလာသည့် စစ်တပ်စစ်ကြောင်းအား မွန်ပြည်ဖက်ဒရယ်ကောင်စီ…
ခင်သရဖီဦး ရခိုင်ရိုးမနယ်စပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် ၊ ပဒါန်းတပ်နယ်တွင်ရှိသည့် နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးစခန်းကုန်းရှိ ကာကင်း စခန်းအားလုံးနီးပါးကို အာရက္ခတပ်တော်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက သိမ်းပိုက်လိုက်သည့်အတွက် စစ်ကောင်စီက ယမန့်နေ အောက်တိုဘာလ ၁၄ ရက်နေ့ တွင် လက်လွတ်ထားခဲ့ရသည်ဟု အာရက္ခတပ်တော် AA နှင့် နီးစပ်သည့်…
မြန်မာနိုင်ငံမှ ရဲစခန်းများနှင့် တရားရုံးများသည် လူငယ်များအတွက် ဘေးကင်းလုံခြုံရေးနှင့် တရားမျှတမှု အကာအကွယ် ပေးသော နေရာမများမဖြစ်နေဘဲ ကြောက်ရွံ့မှုနှင့် အမြတ်ထုတ်ခံရသည့် အရင်းအမြစ်များသာဖြစ်နေသည်ဟု UNDP Myanmar မှ အောက်တိုဘာ ၁၄ ရက်တွင် ထုတ်ပြန်လိုက်သည်။ လူငယ် ၈၀ ရာခိုင်နှုန်းခန့်သည် အာဏာပိုင်များအား ယုံကြည်မှုကင်းမဲ့နေခြင်းကြောင့် ၎င်းတို့…
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်ရှိ အုမ်းစွမ်းရွာကို စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသမီး တစ်ဦးသေဆုံးပြီး အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယနေ့ အောက်တိုဘာ ၁၄ရက် မနက် ၇နာရီ ၁၅မိနစ်အချိန်တွင် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အုမ်းစွမ်းရွာကို ဗုံး…
စစ်ရေးပဋိပက္ခအပြင် သဘာဝဘေးအန္တရာယ်ကြုံတွေ့ခဲ့ရသည့် ပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီ အဖြစ် လေးနှစ်ကျော်အတွင်းတွင် ကျပ် ၆ ဒဿမ ၉ ဘီလီယံအား ပြည်သူအစိုးရရန်ပုံငွေမှ သုံးစွဲခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထား ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည်။ ယင်းအပြင် စစ်တပ်ကြောင့် ကြုံတွေ့နေရသည့် ဘေးဒုက္ခများ လျော့နည်း…
ခင်သရဖီဦး ရခိုင်ပြည်၊ကျောက်ဖြုူမြို့နယ်တွင် အခြေစိုက်ထားသည့် စစ်ကော်မရှင်၏ ရေတပ်မှ အနီးအနား ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်၍ ၃နှစ် အရွယ် ကလေးငယ်တစ်ဦးနှင့် သက်ကြီးပိုင် အမျိုးသားတစ်ဦးမှာ ထိခိုက် ဒဏ်ရာ ရရှိသွားသည်ဟု သိရသည်။ ယမန်နေ့ အောက်တိုဘာလ ၁၂ ရက်နေ့ ညအချိန် ၇ နာရီကျော်ခန့်တွင် မင်းရပ်တိုက်နယ်၊ ကျောက်ပြောက်ကျေးရွာအနီးက…
ပြီးခဲ့သည့် စက်တင်ဘာလ တစ်လလုံးတွင် စစ်တပ်၏ သတ်ဖြတ်မှုကြောင့် မြန်မာနိုင်ငံ အနှံ့မှ အမျိုးသမီး ၄၇ ဦး သေဆုံးသွားခဲ့သည်ဟု မြန်မာအမျိုးသမီးများသမဂ္ဂ BWU မှ အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။ စစ်တပ်သည် စက်တင်ဘာလ အတွင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်ခဲ့ပြီး ယခု သေဆုံးသူများထဲတွင်…
ဘီးလင်းမြို့နယ် ကြသောင်းဆိပ်ကျေးရွာအုပ်စု၊ စစ်တပ်မှ ဂျက်ဖိုက်တာဖြင့် အောက်တိုဘာ ၉ ရက်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရွယ်မရောက်သေးသူ ကလေး ငါး ဦး သေဆုံးခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားသည်။ ထိုသို့ ဗုံးကြဲချခဲ့ခြင်းကြောင့် သေဆုံးသူကလေးငယ်များသည် အသက် ၆ နှစ်မှ ၁၂ နှစ် အရွယ်ခန့်သာ…