မန္တလေးတိုင်း မြင်းခြံမြို့နယ်အတွင်းရှိ အမှတ်(၁) သံမဏိစက်ရုံအတွင်း တပ်စွဲထားသော စစ်တပ်မှ ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် တောင်သာမြို့နယ်၊ ရုံးပင် ကျေးရွာရှိ အိမ်တစ်အိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရှိခဲ့သည်ဟု သိရသည်။ ဩဂုတ်လ ၁၃ ရက် ည ၉ နာရီကျော်တွင် မြင်းခြံမြို့အနီး အမှတ် (၁)…
Month: August 2025
ထိုင်းစစ်တပ်ကင်းလှည့်အဖွဲ့ဖြစ်သည့် Pha Mueang Task Force သည် ချင်းမိုင်ပြည်နယ်၊ ချင်းဒေါင်ခရိုင်တွင် ကင်းလှည့်နေစဉ် သံသယဖြစ်သည့် ကားတစ်စီးအား စစ်ဆေးရန် ရပ်တန့်ခိုင်းသည့် အချိန်တွင် ယာဉ်မောင်းမှ ထွက်ပြေးတိမ်းရှောင်သွားသည်ဟု သိရသည်။ အဆိုပါ ကားအား စစ်ဆေးရာတွင် မက်သာအဖက်တမင်း အမျိုးအစား မူးယစ်ဆေးဝါး (amethysts) ဆေးပြားပေါင်း ၆၀၀၀၀၀…
ခင်သရဖီဦး ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နှင့် မအီမြို့နယ်၊ လုံးတော်ပေါက်ကျေးရွာကို ယမန့်နေ့ ဩဂုတ်လ ၁၃ ရက်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ လက်ရှိတွင် တောင်ကုတ်မြို့ မည်သည့်နေရာအား ပစ်ချခဲ့သည်ကို အတည်မပြုနိုင်သေးဟု တောင်ကုတ်ဒေသခံ အသက် ၃၀ အရွယ် တစ်ဦးက ပြောသည်။ ၎င်းက ”တောင်ကုတ်မြို့ထဲကို…
အမရာနွေဦး စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ရှိ ရပ်ကွက်များတွင် စစ်မှုထမ်းရန် မဲပေါက်သော်လည်း စစ်မှုမထမ်းလိုသည့် ပြည်သူများသည် အုပ်ချုပ်ရေးမှုထံ တစ်ဦးလျှင် ကျပ် သိန်း ၆၀ မှ ၁၀၀ အကြား ပေးနေရသည်ဟု ဒေသခံများထံမှ သိရသည်။ ထိုသို့ မဲစနစ်ဖြင့် စစ်သားစုဆောင်းခြင်းကို စစ်ကောင်စီက စစ်သား လိုအပ်ချက်အပေါ် မူတည်၍…
မြင်းခြံ ပျူစောထီးခေါင်းဆောင် သီတာယုမွန်ဦးဆောင်သည့် စစ်ကြောင်းများသည့် ပြီးခဲ့တဲ့ရက်ပိုင်းတွင် မြင်းခြံအရှေ့ခြမ်းရှိ ကျေးရွာနေ အပြစ်မဲ့ပြည်သူများ သေဆုံးစေသည်အထိ စစ်ရာဇဝတ်မှုများအား ဆက်တိုက်ကျူးလွန်နေသည်ဟု သိရသည်။ သီတာယုမွန်ဦးဆောင်သည့် အဖွဲ့သည် ဇူလိုင်က ၃၁ ရက်က စတင်၍ နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံအရှေ့ဘက် ကျေးရွာများအား အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ထိုးဝင်ရောက်လာခြင်း ဖြစ်သည်။…
ခင်သရဖီဦး ရခိုင်ပြည်နယ်၊ ရမ်းဗြဲဘက်တွင် စစ်ဘေးရှောင်နေကြသည့် စစ်ရှောင်များအနေဖြင့် ဆေးဝါအကူအညီများလိုအပ်နေသည်ဟု သိရသည်။ လက်ရှိတွင် ဆေးဝါးများ အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီဖြစ်သော်လည်း ငွေကြေးမတတ်နိုင်သည့်အတွက် ဝယ်ယူရန် အခက်အခဲများရှိနေသည်ဟု ဒေသခံများက ဆိုသည်။ ကျောက်ဖြူမှ ရမ်းဗြဲတွင် စစ်ဘေးရှောင်နေသည့် အသက် ၅၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ”ဆေးတွေကတော့ လိုချင်ရင် ဝယ်လို့ရတဲ့…
၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် နိုင်ငံကို ပရမ်းပတာဖြစ်စေခဲ့ပြီး လေးနှစ်အကြာတွင် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်က ကြားဖြတ်အစိုးရတစ်ရပ်ကို အာဏာလွှဲပြောင်းပေးခဲ့ရာ ထိုအစိုးရကို သူကိုယ်တိုင်ပင် ဦးဆောင်ခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်တွင် မင်းအောင်လှိုင် ကြေညာခဲ့သည့် အသွင်ပြောင်းလဲမှုသည် ပြင်းထန်သော ဖိနှိပ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေသည့် စစ်အုပ်ချုပ်ရေးအတွက် အနှစ်သာရရှိသည့်…
ခင်သရဖီဦး အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် လွတ်မြောက်နယ်မြေများတွင် အမျိုးသမီးများအား ဥပဒေအရ ကာကွယ်မှုနှင့် လုံခြုံမှုအား အပြည့်အဝပေးထားသည်ဟု ယမန့်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အာရက္ခတပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။ ယခင် စစ်ကောင်စီ ထိန်းချုပ်ခဲ့သည့် အခြေအနေနှင့် လက်ရှိ အချိန်ကို နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့်…
ခင်သရဖီဦး ရခိုင်ပြည်သည် အပြီးသတ် လွတ်မြောက်မှုအနေအထားသို့ ရောက်ရှိနေပြီဖြစ်သည်ဟု ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အာရက္ခတပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။ အာရက္ခပြည်သူ့ စစ်သည်တော်များနှင့် အာရက္ခပြည်သူ တစ်ရပ်လုံးအပါအဝင် မဟာမိတ်များ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ယင်းကဲ့သို့ လွတ်မြောက်မှု ရရှိနေခြင်း ဖြစ်သည်ဟု ဦးခိုင်သုခက ဆိုသည်။…
ခင်သရဖီဦး ရခိုင်ပြည် ပညာရေးအတွက် အာရက္ခအမျိုးသားပညာရေးဌာနအနေဖြင့် သီးခြားဖြစ်သည့် ရခိုင် သင်ရိုးမူဘောင် တစ်ခုအား ရေးဆွဲနေသည်ဟု အာရက္ခတပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဩဂုတ် ၁၁ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။ ဦးခိုင်သုခက ”ရခိုင်စာသင်ရိုးမူဘောင်ပေါ့လေ။ အကုန်လုံးကို ရခိုင်လို ဆွဲနေတာဖြစ်တယ်။ ရခိုင်စာနဲ့…