စစ်ကောင်စီနဲ့ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် – UWSA ထိန်းချုပ်ဒေသ မိုင်းဆတ်မြို့ တောင်ဘက် မိုင်းယွန်းဒေသမှာ မြေရှားသတ္တု တူးဖော်နေတယ်လို့ ကောင်းကင်ဂြိုဟ်တုဓာတ်ပုံတွေအရ မြင်တွေ့ရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် – SHRF က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ ကောင်းကင်ဂြိုဟ်တုဓာတ်ပုံတွေအရ ချင်းမိုင်ခရိုင် မယ်အိုင်းဒေသနဲ့ မျက်နှာချင်းဆိုင် ထိုင်းနယ်စပ် မြောက်ပိုင်းကနေ ၁၅ မိုင်ကျော်ကျော်သာ…
Month: May 2025
အမီးလေး မန္တလေးတိုင်း၊ ငါးမည်ရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဖမ်းဆီးထားသည့် အမျိုးသမီး နှစ်ဦးမှ တစ်ဦးအား နှစ်ပတ်ကျော်ကြာပြီးနောက် အမှုနှင့် သက်ဆိုင်ခြင်းမရှိသည့်အတွက် မေလ ၈ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်ဟု ရှိ/Shield အမျိုးသမီးအဖွဲ့မှ အတွင်းရေးမှူး ရဲလင်းက အတည်ပြုပြောသည်။ “အိမ်ထောင်ဦးစီးရဲ့ ချွေးမ ပြန်လွတ်လာပါတယ်။ အမျိုးသမီးတစ်ယောက်ကတော့ ကျန်နေသေးတယ်။ အခုတော့ မိသားစုဆီ…
ကာနီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကချင်ပြည်နယ် နယ်စပ်တို့တွင် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေပြီး စစ်ရေးပြင်ဆင်နေသောကြောင့် ဒေသခံများစိုးရိမ်နေရသည်ဟု ဆိုကြသည်။ နာဂဒေသ နန်းယွန်းမြို့နယ်နှင့် ကချင်ပြည်နယ် တနိုင်းမြို့နယ်များသို့ စစ်ကောင်စီတပ်က အလုံးအရင်းဖြင့် မေလဆန်းပိုင်းတွင် ဝင်ရောက်လာသည်ဟု သိရသည်။ ယင်းမြို့များရှိ စစ်ကောင်စီတပ်စခန်းများနှင့် ကျေးရွာများတွင် တပ်ဖြန့်ထားသည်ဟုလည်းဈေးရောင်းသည့် အသက် ၂၀ ကျော်အရွယ် ဒေသခံ…
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ တာကရယ်မြို့နယ်ရှိ စစ်ကောင်စီ အခြေစိုက်စခန်း တစ်ခုကို မေ ၁၃ ရက် ညပိုင်းက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) မှ ယနေ့ ထုတ်ပြန်သည်။ အဆိုပါစခန်းသည် တာကရယ်မြို့နယ်၊ ကာတဲကျေးရွာအနီးတွင် စစ်ကောင်စီ၏ ခလရ-၂၄ နှင့် အမြာက်တပ် (အမတ) -၃၁၁ အခြေစိုက်သည့် တညာကျိုး…
ခင်သရဖီဦး စစ်ကောင်စီ ယမန်နေ့က ဗုံးကြဲခဲ့သည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ရွာမရပ်ကွက်အား ယနေ့ မေလ ၁၅ ရက် နေ့လည် ၂ နာရီ ၅မိနစ်တွင် ထပ်မံ၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ လေကြောင်းတိုက်ခိုက်ခံရခြင်းကြောင့် လူအသေအပျောက်ရှိခဲ့ပြီး နေအိမ်များပါ ပျက်စီးခဲ့သည့် ရွာမရပ်ကွက်အား နေ့လယ် ၂…
ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) ဥက္ကဌဟောင်း ဦးဇောင်းဟရားသည် ယနေ့ မေလ ၁၅ ရက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် ကွယ်လွန်သွားသည်ဟု သိရသည်။ ဦးဇောင်းဟရားသည် ၂၀၁၈ ခုနှစ်တွင် ကျန်းမာရေးအခြေအနေကြောင့် KIO ဥက္ကဌ နေရာမှ အငြိမ်းစားယူခဲ့ပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် ၈၇…
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့အဝင်၊ ဒေသအခေါ် နောင်ဘွားအဝိုင်းရှိ ထိုင်းလူမျိုးများအထွတ်အမြတ်ထားရာ ရုပ်တုရင်ပြင်ရှိ ပစ္စည်းများကို အသက် ၄၅ နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦးက မေလ ၁၅ ရက် အစောပိုင်းတွင် ဖျက်စီးခဲ့ကြောင်း ဒေသတွင်းလုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ အဆိုပါ ရုပ်တုရင်ပြင်အား ဖျက်စီးခဲ့သူမှာ စိတ်ဝေဒနာရှင်တစ်ဦးဖြစ်သဖြင့် တာဝန်ရှိသူများက ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့သည်။ ဖျက်စီးခဲ့ရသော…
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာအနီး ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက ယမန်နေ့ မေလ (၁၄)ရက်နေ့ ညပိုင်းတွင် ပေါင် (၅၀၀)ဗုံး (၂)လုံးကြဲချခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။ ဘန်ကောက်စစ်ရှောင်စခန်းဟောင်းကို စစ်ကောင်စီက ယမန်နေ့ မေလ (၁၄)ရက်နေ့ ည (၈)နာရီ (၄၀)မိနစ်ဝန်းကျင် အချိန်တွင် ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀)ဗုံး (၂)လုံး…
‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် – UWSA ထိန်းချုပ်ဒေသ၊ ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်း (ပန်ခမ်း) မြို့မှာ လက်နက်ခဲယမ်းတွေ ခိုးယူရောင်းချခဲ့တဲ့ ‘ဝ’ တပ်ဖွဲ့ဝင် တစ်ဦးကို မနေ့က သေဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ သေဒဏ်စီရင်တဲ့ အခမ်းအနားကို မနေ့မနက် ၈ နာရီဝန်းကျင်မှာ ပြုလုပ်ခဲ့ပြီး ပန်ဆန်း(ပန်ခမ်း)မြို့၊ စာသင်ကျောင်းအားလုံးမှာ ရှိတဲ့…
ခင်သရဖီဦး ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ရွာမရပ်ကွက်ကို ယနေ့ ညနေ ၃:၅၁ နာရီအချိန်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အမျိုးသမီးငယ် တစ်ဦး သေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကနဦး သတင်းရရှိသည်။ ”ရွာမ ရပ်ကွက်က ရွှေကျောင်းဘုန်းကြီးကျောင်း နောက်လမ်းကို စစ်ကောင်စီက ဗုံးတစ်လုံး ကြဲသွားတာပါ။ တအား အသံကျယ်ပါတယ်။ အဲဒီမှာ…