၂၈ နှစ်နီးပါးခန့် လက်လွှတ်ခဲ့ရသည့် ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် တပ်မဟာ (၄) ရှိ ထီးခီးစခန်းအပါအဝင် တပ်မဟာ(၃) နှင့် တပ်မဟာ(၇) က စစ်ကောင်စီ စခန်း သုံးခုကို ကရင်အမျိုးသားအစည်းအရုံး KNU/KNLA ပူးပေါင်းတပ်များက အပြီးသတ် သိမ်းလိုက်နိုင်သည်ဟု KNU က မေ ၉…
Month: May 2025
အမီးလေး မန္တလေးမြို့၊ အိုးဘိုထောင်တွင် ငလျင်ဒဏ်ထိသွားသည့် ကိုယ်ဝန်သည်မိခင် ဗိုက်ထဲတွင် ကလေးသေဆုံးသွားပြီး အချိန်မီဆေးကုသမှု မရ၍ အမျိုးသမီး သန္ဓေအိမ်အတွင်း ပိုးဝင်ကာ သေဆုံးခဲ့ရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM မှ သတင်းနှင့် ပြန်ကြားရေးဌာနမှ မရောင်နီလင်းက အတည်ပြုပြောသည်။ “ငလျင်ဒဏ်ရာရရှိခဲ့တဲ့ ကလေးငယ်မှာ နှလုံး မခုန်တော့ဘူး။ နှလုံးမခုန်တော့ ဆေးရုံတင်ရမယ့်…
ကက်သလစ်ကျောင်းတော်ရဲ့ ၂၆၇ ယောက်မြောက် ပုပ်ရဟန်းမင်းကြီးအဖြစ် ရောဘတ် ဖရန့်စစ် ပရီဗို့စ်ကို မနေ့က ရွေးချယ်တင်မြှောက်လိုက်ပါတယ်။ အခုရွေးချယ်တင်မြှောက်ခံလိုက်ရတဲ့ ပုပ်ရဟန်းမင်းကြီးဟာ အမေရိကန်ပြည်ထောင်စုကနေ ပုပ်ရဟန်းမင်းကြီးအဖြစ် ပထမဆုံးရွေးချယ်တင်မြှောက်ခံရသူလည်းဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးပျံလွန်တော်မူပြီးနောက် ရဟန်းမင်းကြီးသစ် ရွေးချယ်ပွဲကို ဗာတီကန်မြို့မှာ ရှိတဲ့ ဆင်းစတင်းဘုရားကျောင်းအတွင်း ကာဒီနယ်ဘုန်းတော်ကြီး ၁၃၃ ပါးက လျှို့ဝှက်စနစ်နဲ့ ရွေးချယ်ခဲ့ကြပါတယ်။ အဲဒီပုပ်ရဟန်းမင်းကြီးသစ်…
နန်းဆုပန်ခန့် ပဲခူး – ရန်ကုန် စစ်ဆင်ရေး ဆက်လက်လုပ်ဆောင်နေရာ တိုက်ပွဲပြင်းထန်နေသည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ အဆိုပါစစ်ဆင်ရေးအတွင်း ယခုမေလ ၈ ရက်တွင် Southern Eagle တပ်ရင်းမှ ဆေးမှူး တစ်ဦး ကျဆုံးသွားရသည်ဟုလည်း Southern Eagle တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောသည်။ ၎င်းက “ကျသွားတဲ့…
မေလ ၈ ရက်၊ ညဦးပိုင်းတွင် ထိုင်း-မြန်မာနယ်ခြားမျဉ်း၊ သောင်းရင်းမြစ်ကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၆ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းလုံခြုံရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ထိုင်းစံတော်ချိန် ည ၈ နာရီခွဲခန့်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ဘက်ခြမ်းမှ ထိုင်းနိုင်ငံ၊ တာ့ချ်ခရိုင်၊ မဲ့ရမတ်မြို့နယ်အတွင်းသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော အမျိုးသား…
ခင်သရဖီဦး ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်က ရေလုပ်သား ၆ ဦးကို ကျောက်ဖြူအနီး ပင်လယ်ပြင်တွင် ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီရေတပ်က မေလ ၃ ရက်တွင် ဖမ်းဆီးထားပြီး လက်ရှိအချိန်အထိ မိသားစုဝင်များနှင့် အဆက်အသွယ် ပြတ်တောက်နေသည်ဟု ဒေသခံများထံမှ သိရသည်။ ယင်းသို့ ဖမ်းဆီးခံရသူများမှာ အသက် ၂၅ နှစ်မှ ၃၅…
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း၊ တပ်ဖွဲ့များကို ထောက်ပံ့စရိတ်အဖြစ် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂၄.၉ သန်း ပေးပို့ခဲ့ပြီးဖြစ်သည်ဟု မေလ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထောက်ပံ့စရိတ် အမေရိကန်ဒေါ်လာ ၂၄.၉ သန်းထဲမှ ၂၂.၅ သန်းကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF)…
စစ်ကောင်စီတပ်နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)တို့ကြား ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်မှုးအရာအရှိများအပါအဝင် တပ်သား ၃၀ သေဆုံးခဲ့သည်ဟု MLA မှ ထုတ်ပြန်ထားသည်။ မွန်ပြည်နယ် ကျုံဒိုးမြို့နယ် နွားခြံကုန်းကျေးရွာအနီးသို့ စစ်ကြောင်းထိုးသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် မွန်တော်လှန်ရေးတပ်ဖွဲ့များနှင့် ကရင်တော်လှန်ရေးအင်အားစုများတို့ကြားမှ ထိတွေ့ တိုက်ပွဲ ဖြစ်ခဲ့ခြင်း ဖြစ်သည်ဟု…
အမီးလေး ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်က ၁၂ တန်းဖြေဆိုရမည်ဟု ကြေညာပြီးနောက် လမ်းပန်းဆက် သွယ်ရေးခက်ခဲသည့် ဒေသများမှ ကလေးတချို့ ပြန်ဆိုနိုင်ခြင်းမရှိဟု တနိုင်းမြို့နယ် ဒေသခံတစ် ဦးကပြောသည်။ “အခုဒီ ၁၂ တန်းဖြေဖို့တော့ ဖြေဖို့ဖြစ်သွားပြီးပေါ့နော်၊အခုက နယ်ကရွာက ကလေးတွေတော့ ရောက်နေပြီး ကျတော်တို့သိသလောက်တော့ အကုန် မစုံနိုင်ဘူးလို့ပြောကြတယ်၊တချို့တွေက မှော် တွေသွား…
စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်၊ရှောက်ပင်ခြုံကျေးရွာအား ယနေ့ မေလ ၇ ရက်နေ့ နံနက် တစ်နာရီအချိန်၌ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ပြည်သူတစ်ဦး၏ နေအိမ် ထိခိုက်ပျက်စီးသွားသည်ဟု Kawlin info မှတာဝန်ရှိသူကအတည်ပြုပြောသည်။ “လေယာဉ်ကြဲခံရတာ ထိခိုက်မှုမရှိဘူး နေအိမ်တစ်လုံးပျက်စီးသွားတယ် ပြီးတော့ အနီးအနားက မီးအား ပေးတဲ့ စနစ်တွေပျက်စီးသွားတယ်၊တစ်ခေါက်တည်းကို နှစ်ချက်ပစ်သွားတာ ပေါင် ၃၀၀…