ငလျင်ဘေးဒဏ်ကြုံတွေ့နေရသော မြန်မာနိုင်ငံအတွက် ကယ်ဆယ်ရေးများလုပ်ဆောင်ရန် ရောက်ရှိလာသော အမေရိကန်နိုင်ငံမှ ခရစ်ယာန် ပရဟိတအဖွဲ့Samaritan Purse၏ ယာယီဆေးရုံကို နေပြည်တော်တွင် ဆောက်လုပ်ရန် စစ်ကောင်စီက ခွင့်ပြုချက်ပေးခဲ့သည်ဟု သတင်းထုတ်ပြန်ထာသည်။ အမေရိကန်နိုင်ငံမှ ခရစ်ယာန် ပရဟိတအဖွဲ့Samaritan Purse အနေဖြင့် မြန်မာနိုင်ငံရှိငလျင်ဘေးသင့်ပြည်သူများအား ကူညီနိုင်ရန်အတွက် လေယာဉ် ၂ စီးဖြင့် ဧပြီလ ၂…
Month: April 2025
ငလျင်ဘေးကြုံတွေ့နေရသော မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုဆိုင်ရင် အကူအညီနှင့် ဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် တပ်ဖွဲ့ဝင် ၅၅ ဦးပါသော အဖွဲ့အား ဒုတိယအသုတ်စေလွှတ်မည်ဟု ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အဆိုပါအဖွဲ့တွင် အုပ်ချုပ်ရေးအဖွဲ့ဝင် ၅ ဦး၊ ချိတ်ဆက်ညှိနှိုင်းရေးမှူး ၄ဦး၊ အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုပေးသူ ၂၂ ဦး၊ အင်ဂျင်နီယာ ၁၂ ဦး၊ ရှာဖွေကယ်ဆယ်ရေး ၆…
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆောက်လက်စ စာရင်းစစ်ချုပ်ရုံး ပြိုကျမှုတွင် သေဆုံးသူများကို ထိုင်းအစိုးရမှ လျော်ကြေး တစ်ဦးလျှင် ဘတ် ၁၇ သိန်းပေးမည်ဟု ပြောဆိုထားသော်လည်း မြန်မာရွှေ့ပြောင်းလုပ်သားများမှာ အမှုဖွင့်တိုင်ကြားသူ မရှိသည့်အတွက် ရရှိရန် ခက်ခဲနေသည်ဟု မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ Worker Alliance Group (WAG) မှ ကိုမုန်တိုင်းက…
ကယ်ဆယ်ရေးများလုပ်ဆောင်နေဆဲကာလဖြစ်သော မန္တလေးမြို့နှင့် စစ်ကိုင်းတဝိုက်တွင် ဧပြီလ ၅ ရက် ညပိုင်း ၈နာရီ ၁၀ မိနစ်အချိန်ကစတင်ကာ မိုးသည်းထန်စွာရွာသွန်းနေသူဟု မြို့ခံတစ်ဦးက ပြောသည်။ “လေရောမိုးပါ တိုက်နေတယ်။ ခုက ငလျင်ဘေးကြောင့် တဲတွေနဲ့နေရသူတွေ၊ ယာယီမိုးကာတွေနဲ့နေနေရသူတွေရဲ့ အခြေအနေလည်းရှိတော့ ကူနိုင်သလောက်ကူနိုင်အောင် အဖွဲ့တွေထွက်သွားတယ်”ဟု မန္တလေးမြို့ရှိ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ တစ်မြို့လုံးနီးပါးပျက်စီးခဲ့ရသော…
မြန်မာမှ ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေထိုင်နေသော ရိုဟင်ဂျာဒုက္ခသည် တစ်သိန်းရှစ်သောင်းကို ပြန်လက်ခံမည်ဟု စစ်ကောင်စီက အတည်ပြုထားကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောသည်။ ဘန်ကောက်မြို့တွင် စစ်ခေါင်းဆောင်သွားရောက်ပြီးနောက် ထိုသို့သော ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်ပြီး ကာလရှည်ကြာ ရပ်တန့်နေသော နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ် တိုးတက်မှုတစ်ခု ဖြစ်ခဲ့သည်ဟု Aljazeera သတင်းဌာနတွင် ဖော်ပြသည်။ ရိုဟင်ဂျာလူမျိုး တစ်သန်းကျော်သည် ဘင်္ဂလားဒေ့ရှ်ရှိ…
အလုပ်သမားသမဂ္ဂ၊ မုဆိုးကမ်းနားနှင့် မဟာမိတ်အဖွဲ့များသည် ယနေ့တွင် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးသို့ သွားရောက်ကာ BIMSTEC အစည်းအဝေးသို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံမှ ဖိတ်ကြားခဲ့ခြင်းနှင့် ပတ်သက်၍ ကြေညာချက်ဖတ်ကြားခဲ့သည်။ အဆိုပါ ကြေညာချက်တွင် တောင်းဆိုချက် ၄ ခုပါဝင်ပြီး ထိုင်းအစိုးရအား စစ်ကောင်စီနှင့် ဆက်ဆံရေးပုံစံအားလုံးကို အဆုံးသတ်ရမည်ဖြစ်ပြီး ထိုင်းနိုင်ငံက…
ရွှေ့ပြောင်းအလုပ်သမားများ၏ “မင်းအောင်လှိုင်” ကို ဆန့်ကျင်ဆန္ဒပြမှုကို စီစဉ်သူများအား ထိုင်းအမျိုးသားရေးလှုပ်ရှားသူများ ပါဝင်သည့် အဖွဲ့အစည်းကာကွယ်ရေးအုပ်စုက ယနေ့နံနက်တွင် တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သဖြင့် မစတင်နိုင်ဘဲ ရပ်တန့်ခဲ့ရသည်ဟု ထိုင်းသတင်းဖော်ပြချက်များအရ သိရသည်။ ဧပြီလ ၅ ရက်နေ့၊ နံနက် ၁၀:၄၅ နာရီတွင် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများပါဝင်သော Bright Future အဖွဲ့က…
အမီးလေး မန္တလေးအိုးဘိုအကျဉ်းထောင်တွင် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသူ ခြောက်ဦး ငလျင်ကြောင့် သေဆုံးခဲ့ရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ သိရသည်။ PPNM မှ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက “ဒီ ခြောက်ဦးကတော့ ငလျင်ဖြစ်ဖြစ်ချင်း ရက်တွေမှာပဲ ငလျင်ရဲ့ အဆောက်အအုံပြိုကျမှုကြောင့် ဆုံးသွားတာဖြစ်ပါတယ်၊ချက်ချင်းဆုံးသွားတဲ့သူတွေ ရှိသလို ကယ်ထုတ်ပြီးတော့မှ ဆုံးသွားတဲ့ အခြေအနေတွေလည်း ဖြစ်ခဲ့တယ်လို့ သိထားရပါတယ်”…
အင်အားပြင်းငလျင် မတ်လ ၂၈ ရက် လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးမြို့ ၃၆ လမ်း၊ ၇၉×၈၀ လမ်းကြားရှိ TULIP တည်းခိုခန်းအဆောက်အဦ ပြိုကျပျက်စီး၍ ပိတ်မိနေသူများထဲတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့၏ ရုပ်အလောင်းများ ရှာဖွေတွေ့ရှိခဲ့သည်ဟု မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။ ယနေ့နံနက် ၉:၃၀ နာရီကျော်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊…
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန္ဒပြ၍ ထိန်းသိမ်းခံရသော ထိုင်းကျောင်းသားကို ည ၇:၁၀ နာရီတွင် ရဲများက စွဲချက်တင်အမှုဖွင့်ခြင်းမရှိဘဲ ပြန်လွှတ်ပေးခဲ့သည်ဟု ရန်နဝါရဲစခန်းရှိ ထိုင်းသတင်းထောက်များ၏ အတည်ပြုချက်အရ သိရသည်။ လူ့အခွင့်အရေးရှေ့နေများဌာနမှ စေတနာ့ဝန်ထမ်းရှေ့နေတစ်ဦးက ထိုင်းကျောင်းသား ပွမ် ရန်နဝါရဲစခန်းသို့ ရောက်ရှိလာသောအခါ သူ၏ အိတ်ကို ရှာဖွေခဲ့သောအချိန်တွင် သူက ပူးပေါင်းဆောင်ရွက်ခဲ့ပြီး…