ဘုန်းမောင် ပြင်းထန်သောအကြမ်းဖက်မှုများနှင့် ရာသီဥတုပြောင်းလဲမှုများက တစ်ခုနှင့်တစ်ခု ဆက်စပ်မှုရှိနေပါသည်။ ရာသီဥတုပြောင်းလဲမှုက လူသားတို့၏အသက်မွေးဝမ်းကျောင်းမှု၊ အိုးမဲ့အိမ်မဲ့ဖြစ်ရမှု၊ ရွှေ့ပြောင်းအခြေချ နေထိုင်ရမှု၊ နဂိုရှိနှင့်ပြီးသား ပဋိပက္ခဒိုင်းနမစ်များအပါအဝင် လက်နက်ကိုင်ပဋိပက္ခများအား တိုက်ရိုက်မ ဟုတ်သောနည်းလမ်းဖြင့် တိုးမြှင့်လာစေကြောင်း လက်ရှိလေ့လာမှုများအရ တွေ့ရှိထားပါသည်။ အပြန်အ လှန်ဆက်စပ်မှုအရဆိုလျှင်လည်း ရာသီဥတုပြောင်းလဲမှုများက နိုင်ငံတစ်ခုချင်းစီတိုင်း၏ နိုင်ငံရေး၊ လူမှုစီး ပွားရေးနှင့် စစ်ရေးအခြေအနေများပေါ်…
Month: April 2025
သန္တာဖြူ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ပဋိပက္ခကြောင့် ကလေး ၅ သန်းနီးပါးခန့် စာသင်ခန်းနဲ့ ဝေးကွာနေရပါတယ်။ စာသင်ကျောင်းမှာ ပညာဆည်းပူးရမယ့် ဒီကလေးအရေအတွက်ဟာ စစ်ပွဲတွေကြောင့် ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေရတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က ၂၀၂၄ ခုနှစ်က ထုတ်ပြန်ထားပါတယ်။ ရုန်းကန်နေရဆဲ အခြေခံရပိုင်ခွင့် သူတို့လေးတွေ စာသင်ခန်းထဲမှာ ပညာသင်ကြားခွင့်ရဖို့က…
အမီးလေး ဘုတလင်မြို့နယ်၊ ချင်းတွင်းမြစ်အတွင်း NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပကဖ ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့-ပလဖနှင့် NLD လွှတ်တော်ကိုယ်စားလှယ်အမတ်ဟောင်း ဦးမြင့်ဟန်ထွန်းတို့ဦးဆောင်ပြီး ရွှေတူးဖော်မှုအား ဒေသခံများအနေဖြင့် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ထားသော်လည်း ဆက်လက်လုပ်ဆောင်နေသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “ကျနော်တို့ သိရသလောက်ကတော့ မြင့်ဟန်ထွန်းကိုယ်တိုင် ဦးစီးပြီးလုပ်နေတာ။ ကုမ္ပဏီကတော့ ဘယ်ကုမ္ပဏီလဲ…
မြန်မာနိုင်ငံမှာ သံဖြူအများဆုံး ထွက်ရှိတဲ့ ‘ဝ’ ဒေသမှာ မကြာခင်အချိန်အတွင်း သတ္တုတူးဖော်ရေးလုပ်ငန်းတွေ ပြန်လည်စတင်ဖို့နီး ကပ်လာပြီဖြစ်တဲ့အတွက် ‘ဝ’ဒေသမှာ သတ္တုတူးဖော်ရေးပါမစ် ထုတ်ပေးဖို့ အစည်းအဝေး တစ်ရပ်ကို ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်က ကျင်းပခဲ့တယ်လို့ နိုင်ငံတကာသံဖြူထုတ်လုပ်သူများအသင်း – ITA – International Tin Association…
ပြည်သူ့ ကာကွယ်ရေးတပ်မတော်-PDF မှ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ခဲ့သည့် အမျိုးသမီး နှစ်ဦးနှင့် ၃၀ ဦးတို့ကို အုပ်ထိန်းသူများထံ ပြန်လည် လွဲပြောင်းပေးခဲ့သည်ဟု စစ်ကောင်စီ၏ ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ PDF တပ်ဖွဲ့ဝင် ၃၂ ဦးသည် Type-81 အမျိုးအစား သေနတ် ငါးလက်၊ ကျည်အိမ် ၁၃ ခု၊…
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာကို စစ်ကောင်စီက ယနေ့တွင်လည်း ဒရုန်းဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် သားအမိနှစ်ယောက်အပါအဝင် ပြည်သူ သုံးဦးထပ်မံသေဆုံးခဲ့သည်ဟု သိရသည်။ ယနေ့ ဧပြီလ ၂၅ ရက် နံနက် ၁၀ နာရီအချိန်တွင် ဒရုန်းဖြင့် ဗုံး ရှစ်လုံး ကြဲချခဲ့သည့်အတွက် ပြည်သူ သုံးဦးမှာ နေရာတွင်ပင်…
မောင်လှိုင်း Yaw Army (YA) စိုးမိုးလှုပ်ရှားသည့် ဒေသအတွင်းရှိ အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်း အရွယ်ရောက်သူတိုင်းစစ်ပညာသင်ကြားရမည်ဟု YA မှ ဒေသတွင်း ထုတ်ပြန်ကြေညာထားသည်။ စစ်မက်ဖြစ်ပွားနေသည့် တိုင်းပြည်တွင် ယောဒေသအတွင်းရှိ လူငယ်များ၊ ဒေသခံပြည်သူများအနေဖြင့် အခြေခံစစ်ပညာတတ်မြောက်ရန် လိုအပ်ပြီး တော်လှန်ရေးမျိုးဆက်ပြတ်တောက် မသွားရန် ရည်ရွယ်သည်ဟု…
ခင်သရဖီဦး ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီက အသေခံ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် စစ်ဘေးရှောင် တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အသက် ၂၈ နှစ် အရွယ် ရွာခံအမျိုးသားတစ်ဦးက ပြောသည်။ ယမန့်နေ့ ဧပြီလ ၂၄ ရက် နေ့လယ်တွင် ကျောက်ဖြူ -ရန်ကုန် ကားလမ်းမဘေးရှိ…
Update အဆိုပါ ရဲတပ်ဖွဲ့ဝင် တစ်ဦးမှာ ဆေးရုံရောက်ပြီးနောက် သေဆုံးသွားခဲ့သည်ဟု သိရသည်။ ထိုင်းနိုင်ငံ၊ ဖက်ချဘူရီပြည်နယ် ချာအမ်ကမ်းခြေတွင် ထိုင်းတော်ဝင်တပ်ဖွဲ့၏ လေယာဉ်ငယ် တစ်စီး ယနေ့နံနက် ၈ နာရီဝန်းကျင်တွင် လေ့ကျင့်ပျံသန်းစဉ် ပျက်ကျခဲ့ပြီး ရဲအရာရှိ ငါးဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ထိုင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်။ အဆိုပါလေယာဉ်ငယ်သည် ဟွာဟင်ခရိုင်၊…
အမီးလေး ကရင်နီပြည်နယ်၊ မော်ချီးဒေသရှိ ခဲခါစက်ရုံအနီးတွင် ဧပြီလ ၂၄ ရက် ညနေ ၃ နာရီကျော်ခန့်၌ စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် လသားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံ လေးဦး သေဆုံးသွားသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက အတည်ပြုပြောသည်။ “လူက လေးယောက် သေသွားတယ်။ အပျက်အစီးက…