ဒေါက်တာတေဇာဆန်း “ပြည်သူလူထုပါဝင်မှုအနေနဲ့ကတော့ ဒီတော်လှန်ခရီး ၃ နှစ်ပြည့်မှာတော့ အခုရှိတဲ့အချိန်ထိပေါ့နော် အားရစရာအကောင်းဆုံးအနေအထားနဲ့ ပါဝင်ခဲ့တယ်လို့ပြောနိုင်ပါတယ်။ ဒါတော့ ပြည်သူအများစုပေါ့ဗျာ။ ဆိုတော့ ဒီ ၃ နှစ်ဆိုတဲ့အချိန်တစ်ခုရောက်တဲ့အချိန်မှာ တချို့သောပြည်သူတွေမှာ အကြောင်းကြောင်းကြောင့် တော်လှန်စိတ် ရှိပေငြားသော်လည်း လက်တွေ့ပူးပေါင်းပါဝင်မှုအပိုင်းမှာ စားဝတ်နေရေး လူမှုစီးပွားအခက်အခဲ အကြပ်အတည်းတွေကြောင့်ဖြစ်စေ စစ်ကောင်စီရဲ့အကြောက်တရား ဖိနှိပ်မှုကြောင့်ဖြစ်စေ တစုံတရာအားနည်းသွားစေတယ်ထင်ရပေမယ့် ပြည်သူအများစုကတော့…
Year: 2024
ပအိုဝ်းလူငယ်သောင်းချီ လက်နက်တပ်ဆင်ပေးမှုနှင့်စစ်သားအလောင်း ၅၀ **************************** (စစ်ကောင်စီကိုတန်ပြန်မယ့် လက်နက်တွေဖြစ်လာပါလိမ့်မယ် ) Saw Smith ဖေဖော်ဝါရီ ၁ ၊ ၂၀၂၄ ။ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း ၅၀ ခန့်တွေ့ရှိပြီး လက်နက် ၅၀ ခန့်ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်…
မြောက်ဦးအခြေစိုက် စစ်ကောင်စီတပ်စခန်းကို ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက် ***************************** သဇင် ဖေဖော်ဝါရီ ၁ ၊၂၀၂၄။ ရခိုင်ပြည်နယ်၏ ရှေးဟောင်းမြို့တော်ဖြစ်သည့် မြောက်ဦးမြို့နယ်ရှိ ခမရ – ၅၄၀ တပ်ရင်း ၁ ရင်းလုံးအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု ညီနောင် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။ အဆိုပါတပ်ရင်းသည် ရခိုင့်မွေအနှစ်များကို ရည်ရွယ်ချက်ရှိရှိဖြင့်…
ဖမ်းဆီးထားသောစစ်သုံ့ပန်းများအား KNDO ထံလွှဲပြောင်းပေးအပ် ******************* နန်းဆုပန်ခန့် ဖေဖော်ဝါရီ ၁၊ ၂၀၂၄။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် စစ်ကောင်စီနှင့် ပူးပေါင်းတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ဖမ်းဆီးမိသော စစ်သုံ့ပန်းများကို KNDO ထံလွှဲပြောင်းပေးအပ်ခဲ့သည်ဟု ကျားဖြူစစ်ကြောင်းကထုတ် ပြန်သည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်တွင် ကျားဖြူစစ်ကြောင်း တပ်ခွဲ ၁၊…
သံလွင်ခက် ဖေဖော်ဝါရီ ၁ ၊ ၂၀၂၄ ။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဟုမ်းရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၇ ဦးသေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည် ။ ပြီးခဲ့သည့်ရက်ပိုင်း ဇန်နဝါရီ ၂၉ ရက်၊ နေ့လည်ပိုင်းတွင် စစ်ကောင်စီက ဟုမ်းရွာကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်…
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သလို စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ပုံဖော်ဖို့ ကြိုးစားတဲ့အထဲမှာ ကရင်နီဒေသဟာ နိုင်ငံရဲ့ ထင်ရှားတဲ့ ပြယုဒ်တစ်ခု ဖြစ်ခဲ့ရပါတယ်။ တစ်ပြည်နယ်လုံးနီးပါး စစ်ဘေးသင့်ခဲ့ရသလို လူငယ်အများစုဟာလည်း ဒေသတွင်း ခုခံစစ်ကစလို့ စခန်းသိမ်း၊ မြို့သိမ်းအထိ အသက်စွန့်တိုက်ပွဲဝင်နေကြဆဲပါ။ ဒေသတွင်းက ပကတိအခြေအနေနဲ့ မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတဲ့ ပုံရိပ်တွေကို ဒေသခံ လူငယ်ဓါတ်ပုံဆရာတစ်ဦးဖြစ်တဲ့ မောက်ခမ်းဝါ…
Saw Smith ဇန်နဝါရီ ၃၁ ၊ ၂၀၂၄ ။ ကရင့်တော်လှန်ရေးအစ ၁၉၄၉ ခုနှစ်က ************************* ကရင့်တော်လှန်ရေးသည် ရန်ကုန်မြို့ အင်းစိန်တိုက်ပွဲမှ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး ယခုဆိုလျှင် ၇၅ နှစ် စိန်ရတု တိုင်ခဲ့ပြီဖြစ်သည်။ ၁၉၄၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်ကစတင်ခဲ့သော အင်းစိန်တိုက်ပွဲသည်…
စစ်ကောင်စီက အရေးပေါ်ကာလ ၆ လသက်တမ်းထပ်မံ တိုးမြှင့် ****************** ယမင်းဖူးပွင့်အောင် ဇန်နဝါရီ ၃၁၊ ၂၀၂၄။ အာဏာသိမ်းခဲ့တာ ၃ နှစ်ပြည့်ချိန်တွင် စစ်ကောင်စီက နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (ကာ/လုံ)ခေါ်ယူကာ အရေးပေါ်ကာလ သက်တမ်း ၆လထပ်မံတိုးမြှင့်လိုက်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင်…
၂၀၀၈ ခြေ/ဥ အပြီးတိုင်ဖျက်သိမ်းလျှင် စစ်ကောင်စီနှင့်ဆွေးနွေးမည်ဟု NUG ဆို **************************** ယမင်းဖူးပွင့်အောင် ဇန်နဝါရီ ၃၁၊ ၂၀၂၄။ အမျိုးသားညီညွတ်ရေးအစိုးရ – NUG သည် အာဏာလွှဲပြောင်းခြင်းဆိုင်ရာကိစ္စရပ်များကို စစ်ကောင်စီနှင့် ဆွေး နွေးမည်ဟု ထုတ်ပြန်လိုက်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကိုပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ ကို…
ကျောက်တော်အခြေစိုက်စစ်ကောင်စီတပ်ရင်းကို ရက္ခိုင့်တပ်တော်ထပ်မံသိမ်းပိုက် *********************** သဇင် ဇန်နဝါရီ ၃၁ ၊၂၀၂၄။ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့်မြို့ကြီးများရှိ စစ်ကောင်စီ အခြေစိုက်တပ် ရင်း၊ တပ်စခန်းများကို သိမ်းပိုက်နိုင်ရေးရန် ရက္ခိုင့်တပ်တော် – AA က ထိုးစစ်ဆင်တိုက်ခိုက်နေရာ ကျောက်တော်အခြေစိုက် ခမရ – ၃၇၄ တပ်ရင်းကို…