Year: 2024

AA ထိန်းချုပ်ရာနေရာများတွင်ခိုလှုံရန် တိုက်တွန်းထားသော်လည်း ရခိုင်ပြည်သူများ နေရပ်ပြန်ရန်အခက်အခဲရှိ ************************************** ယမင်းဖူးပွင့်အောင် ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄။ စစ်ကောင်စီကထိန်းချုပ်ထားသည့်နေရာများအစား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် – ULA/AA ထိန်းချုပ်ရာနေရာများ၊ မြို့များသို့ပြောင်းရွှေ့နေထိုင်ကြရန် AA က တိုက်တွန်းထားသော်လည်း ပြည်မရောက် ရခိုင်လူမျိုးများအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ပြန်လည်ဝင်ရောက်ရန် အခက်အခဲများရှိနေသည်ဟု ရခိုင်ပြည်သူများထံက သိရသည်။…

Read More

စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် ထိုင်းနိုင်ငံကို တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူများပြားနေ ******************************** သဇင် ဖေဖော်ဝါရီ ၂၁၊၂၀၂၄။ အရွယ်ရောက်ပြီးသူတိုင်း စစ်မှုမထမ်းမနေရဥပဒေကို စစ်ကောင်စီကပြဋ္ဌာန်းလိုက်ပြီးနောက် ထိုင်းနိုင်ငံကို တရား မဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူများပြားနေသည်ဟု အလုပ်သမားအရေးဆောင်ရွက်နေများထံက သိရသည်။ စစ်မှုထမ်းဥပဒေကိုရှောင်ရှားရန် ထိုင်းနိုင်ငံသို့တရားမဝင် ဝင်ရောက်လာသူမြန်မာနိုင်ငံသားများကို ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု ဖေဖော်ဝါရီ ၁၉ ရက်တွင် ထိုင်းဝန်ကြီးချုပ် ဆရီထာ…

Read More

ကနန်းလူမျိုးမိတ်ဆက် ******************** သံလွင်ခက် ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄။ ကနန်းလူမျိုးဟု အမည်တွင်ပုံနှင့်ပတ်သက်ပြီး ကနန်းမှတ်တမ်းတို့၌ အမျိုးမျိုးဖော်ပြထားသည်။ အဆိုပါကနန်း မှတ်တမ်းများကိုကိုးကားပြီး မျက်မှောက်ခေတ် ကနန်းသုတေသီများကလည်း အမျိုးမျိုးပြောဆိုရေးသားနေကြ ပါသည်။ ထိုကဲ့သို့ အမျိုးမျိုးသောမှတ်တမ်းများနှင့် ပြောဆိုရေးသားချက်များကို တူရာပေါင်းလိုက်လျှင်မူ “ကနန်း၊ ကားနား နှင့် ဂါနား ဟူသောရှမ်းဝေါဟာရကနေ ကနန်းဟု…

Read More

စစ်တပ်ကို ပူးပေါင်းဆန့်ကျင်တော်လှန်ရန် KNU ဥက္ကဋ္ဌတိုက်တွန်း ******************************* နန်းဆုပန်ခန့် ဖေဖော်ဝါရီ  ၂၁၊ ၂၀၂၄။ ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက စစ်ကောင်စီစစ်တပ်ကို ပူးပေါင်း ဆန့်ကျင်တော်လှန်ရန်လိုအပ်သည်ဟု ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကေအဲန်ယူဗဟိုကတဆင့် ရုပ်သံဖြင့် ပြည်သူများကိုပြောကြားခဲ့သည်။ စစ်ကောင်စီတပ်၏ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်သည့်အပေါ်…

Read More

ဟိုပုံးတိုက်ပွဲတွင် ပြည်သူ့စစ်အလောင်း ၅ လောင်း နှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရမိ ****************************** ယမင်းဖူးပွင့်အောင် ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် ပြည်သူ့စစ်အလောင်း ၅ လောင်း နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – PNLA က ယနေ့တွင် ထုတ်ပြန်သည်။ ယမန်နေ့တွင်…

Read More

သံတောင်ကြီးမြို့နယ်အတွင်းရှိ ဒေသခံများကို စစ်တပ်က ၂ ပတ်အတွင်း ပြောင်းရွှေ့ခိုင်း *************************** သံလွင်ခက် ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄။ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိဒေသခံများကို စစ်ကောင်စီတပ်က ၂ ပတ်အတွင်း ပြောင်းရွှေ့ပေးရန် ပြောကြားထားသည်ဟု ဒေသခံများထံက သိရသည်။ သံတောင်ကြီးမြို့နယ်၊ စစ်ကောင်စီ၏ဘုရင့်နောင်တပ်စခန်းအနီးရှိ ရပ်ကွက်သစ် ၊ အမေရိကန်ကုန်းတွင်နေထိုင်သည့်…

Read More

စီခမ်းကြီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ဖမ်းဆီးရမိ ************* ထွယ် ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်နယ်စပ်ရှိ စစ်ကောင်စီ၏ စီခမ်းကြီးဗျူဟာကုန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးကို အရှင်ဖမ်းမိသည်ဟု ရှေ့တန်းကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။ ၎င်းက “ အရှင်က ၁ ယောက်မိတယ်။…

Read More

နိုင်ငံပေါင်းစုံစစ်ရေးလေ့ကျင့်မှုတွင်ပါဝင်ရန် စစ်ကောင်စီသင်္ဘော ၂ စင်း အိန္ဒိယရောက်နေ ****************** ကောင်းချစ်အောင် ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄။ နိုင်ငံပေါင်းစုံ ရေတပ်စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်ရန် စစ်ကောင်စီသင်္ဘော၂ စင်း အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည်ဟု အိန္ဒိယရေတပ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းရှိ Visakhapatnam အမည်ရဆိပ်ကမ်းမြို့သို့ “ဆင်ဖြူရှင်”စစ်သင်္ဘောနှင့် “ကျန်စစ်သား” ဖရီးဂိတ်…

Read More

တရားမဝင်ဝင်ရောက်လာသောမြန်မာနိုင်ငံသားများကို ထိုင်းဝန်ကြီးချုပ်သတိပေး *********************** သံလွင်ခက် ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄။ ထိုင်းနိုင်ငံတွင်းသို့ တရားမဝင်ဝင်ရောက်လာကြသည့် မြန်မာနိုင်ငံသားများကို တရားဥပဒေကြောင်းအရအရေးယူ သွားမည်ဟု ထိုင်းနိုင်ငံဝန်ကြီးချုပ် ဆရက်သာ သာဝီဆင် က သတိပေးပြောကြားခဲ့သည်။ စစ်ကောင်စီက လာမည့်ဧပြီလကစ၍ အသက်ပြည့်မီသူတိုင်း မဖြစ်မနေစစ်မှုထမ်းရမည့် “ပြည်သူ့စစ်မှုထမ်းဥပ ဒေ” ပြဋ္ဌာန်းပြီးနောက် ထိုင်းနိုင်ငံသို့ ဗီဇာလျှောက်ထားသည့်အရေအတွက်…

Read More

တူညီသော နိုင်ငံရေးသဘောတူညီချက်မရရှိမချင်း ချင်းအမျိုးသားနေ့၏ အနှစ်သာရကို အပြည့်အဝခံစားနိုင်မည်မဟုတ်ဟု ICNCC သတိပေး ****************************** သံလွင်ခက် ဖေဖော်ဝါရီ ၂၀ ၊ ၂၀၂၄ ။ ချင်းပြည်သစ်အတွက် တူညီသော ချင်းပြည်အနာဂတ်၊ တူညီသော နိုင်ငံရေးသဘောတူညီချက်မရရှိမချင်း ချင်းအမျိုးသားနေ့၏ အနှစ်သာရကို အပြည့်အဝခံစားနိုင်မည်မဟုတ်ဟု  ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCCက ယနေ့တွင်…

Read More