ထားဝယ်-အထူးစီးပွားရေးဇုန်ဒေသကို အင်အားရာချီဖြင့် စစ်ကောင်စီ စစ်ကြောင်းထိုးနေ ************************* သဇင် ဇွန် ၂၅၊၂၀၂၄။ တနင်္သာရီတိုင်း၊ ထားဝယ်-အထူးစီးပွားရေးဇုန်စီမံကိန်းကို ရုရှားအစိုးရနှင့် ပူးပေါင်းအကောင်အထည်ဖော်မည်ဟု စစ်ကောင်စီကကြေငြာခဲ့ပြီးနောက် အင်အား ၆၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေသည်ဟု မွန်ပြည်တော်လှန်ရေးတပ်ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။ “သူတို့စုပေါင်းအင်အားက ၆၀၀ နဲ့အထက်ရှိနေပြီ ထပ်ပြီးတိုး လာဖို့ရှိတယ်။ ဒါကိုကြည့်ခြင်းအားဖြင့်…
Month: June 2024
စစ်သင်တန်းဆင်း ကျောက်တံခါးပျူစောထီးများ ကားမှောက် ******* မေသံလွင်။ ဇွန် ၂၅ ၊ ၂၀၂၄ ပဲခူးတိုင်း၊ တောင်ငူမြို့မှ စစ်သင်တန်းဆင်းပြီး ပြန်လာသည့် ကျောက်တံခါးပျူစောထီးအဖွဲ့ဝင်များ ကားတိမ်းမှောက်ကာ သုံးဦးသေဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂၃ ရက် နံနက်…
မြဝတီလမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် လမ်းခရီးစရိတ်နှင့် ကုန်ဈေးနှုန်းများတက် ************* စကားမောင် ဇွန် ၁၅၊ ၂၀၂၄။ ကရင်ပြည်နယ်၊ မြဝတီမြို့ကို သွားလာရန် ဒေါနတောင်လမ်းဟောင်းကိုသာ အသုံးပြုနေရသောကြောင့် လမ်းခရီးစရိတ်နှင့် ကုန်ဈေးနှုန်းများ တက်နေသည်ဟု ဒေသခံများထံက သိရသည်။ ယခင်အသုံးပြုနေသော ထို့ကော်ကိုးလမ်း၊ ၁၀၁၈ လမ်းနှင့် ကြက်ဥတောင်လမ်းများသည် မိုးတွင်းကာလတွင် အသုံးပြု၍မရတော့သည့်အတွက် ယခင်လမ်းဟောင်း…
ပြောင်းရွှေ့ခံ ကျိုက်မရောအကျဉ်းထောင်က အကျဉ်းသား ၁၅၀ ကျော်တွင် နိုင်ကျဉ်းအမျိုးသမီး (၆၀) ကျော်ပါ **************** သဇင် ဇွန် ၁၅၊၂၀၂၄ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အကျဉ်းထောင်မှ ယနေ့နံနက်အစောပိုင်းတွင် ပြောင်းရွှေ့ခံရသည့် အကျဉ်းသား ၁၅၀ ကျော်တွင် အမျိုးသမီးနိုင်ငံရေး အကျဉ်းသူအယောက် ၆၀ ကျော်ပါရှိသည်ဟု နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP)…
လော့ခေါ်စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်များ အကူအညီလိုအပ် *********************** ပန်ပန် ဇွန် ၁၅၊ ၂၀၂၄ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း သောင်ရင်းမြစ်ဘေးရှိ လော့ခေါ်စစ်ရှောင်စခန်းရှိ ကိုယ်ဝန်ဆောင်မိခင်များအတွက် အကူအညီများလိုအပ်နေသည်ဟု စစ်ရှောင်တာဝန်ခံနှင့် ကိုယ်ဝန်ဆောင်မိခင်များထံက သိရသည်။ လော့ခေါ်စစ်ရှောင်စခန်းတွင် ကိုယ်ဝန်ဆောင် လေးဦးရှိပြီး မီးဖွားရန်အတွက် အခက်အခဲရှိနေသည် စစ်ရှောင်စခန်းတာဝန်ခံအမျိုးသမီးတစ်ဦးက ဆိုသည်။ ၎င်းက “…
ရှမ်းမြောက်တွင် စစ်ကောင်စီတပ်၏ လမ်းဖျက်ဆီးထားခြင်းကြောင့် ကုန်စည်စီးဆင်းမှုပြတ်တောက် ********** ယမင်းဖူးပွင့်အောင် ဇွန် ၁၄၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့ အဝင်လမ်းတချို့ကို စစ်ကောင်စီက ဖြတ်တောက်ထား မှုကြောင့် ကုန်စည်စီးဆင်းမှုများပြတ်တောက်လျက်ရှိသည်ဟု ရှမ်းမြောက်ဒေသခံများထံက သိရသည်။ ယမန်နေ့ ဇွန်လ ၁၃ ရက်တွင် လားရှိုးမြို့အဝင် ကားလမ်းမနေရာ သုံးခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက…
https://youtu.be/OefYr1nyazI အာဏာရှင်တွေ စနစ်ဆိုးကြားက အင်တာနက်လွတ်လပ်ခွင့် (ရေဒီယို) **************** သံလွင်ခက် ဇွန် ၁၄၊ ၂၀၂၄။ နိုင်ငံကို အာဏာရှင်စနစ်နဲ့ ချုပ်ကိုင်ချင်တဲ့ စစ်တပ်အများစုဟာ ပြည်သူတွေရဲ့ နား၊ မျက်စိကို ပိတ်ပင်ဖို့ ကြိုးစားလေ့ရှိကြပါတယ်။ တနည်းအားဖြင့်ဆိုရရင် ပြည်သူတွေရဲ့ သတင်းအချက်အလက်ရရှိပိုင်ခွင့်၊ လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကို သိသိရက်နဲ့ ချိုးဖောက်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုကြတာပါ။…
သံတွဲမြို့ကို စစ်ကောင်စီက ကုန်ပစ္စည်းသယ်ယူခွင့် ပိတ်ပင်ထား ******** ခင်သရဖီဦး ဇွန် ၁၄၊ ၂၀၂၄။ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် စစ်ကောင်စီက သံတွဲမြို့အဝင်အထွက်လမ်းတွေကို ပိတ်ဆို့ထားပြီး ကုန်ပစ္စည်းများ အား သယ်ယူခွင့်ပိတ်ပင်ထားသည်ဟု ဒေသခံများထံက သိရသည်။ သံတွဲမြို့တွင်းသို့ လူဝင်ခွင့်ပြုပေးထားသော်လည်း မည်သည့်ကုန်ပစ္စည်းမှ သယ်ယူခွင့်မရှိသည့်အတွက် ကုန်စည်ပြတ် လပ်မှုများဖြစ်နေသည်ဟု ဆင်ခေါင်းကျေးရွာသားတစ်ဦးက…
ကျိုက်မရောအကျဉ်းထောင်က အကျဉ်းသားတစ်ဦး ပေ ၂၀ကျော်အမြင့်မှ ပြုတ်ကျ၊ အသက်အန္တရာယ်စိုးရိမ်ရ ********************* သဇင် ဇွန် ၁၃၊၂၀၂၄။ မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်ရှိ အကျဉ်းသား ၁ ဦးသည် တန်းပိတ်ချိန်တွင် ထောင်အာဏာပိုင်များ၏ ခိုင်းစေမှုကြောင့် အမြင့်ပေ၂၀ကျော်တွင် ဝရိန်ဆော်ရာမှ ဓာတ်လိုက်ကာ ပြုတ်ကျခဲ့ပြီး ဆေးကုသမှုခံယူနေရသည် ဟု အကျဉ်းထောင်နှင့်နီးစပ်သူများထံမှ သိရသည်။…
ဆီဆိုင်ဒေသခံ ၆၀ နီးပါးကို စစ်ကောင်စီ ဖမ်းဆီးထား ************* သံလွင်ခက် ဇွန် ၁၃ ၊ ၂၀၂၄။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ထီဗွာ (ရေဖြူ) ကျေးရွာက ဒေသခံပြည်သူ ၅၉ ဦးကို စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဓားစာခံအဖြစ် ဖမ်းဆီးထားသည်ဟု ပအိုဝ်းအမျိုးသားလွတ်…