ဘုန်းမောင် ဧပြီ ၂၉၊ ၂၀၂၄။ (၁၉၅၉ ခုနှစ် ဧပြီလ ၂၉ ရက်ကစတင်ရေတွက်လျှင် စော်ဘွားများအာဏာစွန့်ခဲ့ရသည်မှာ ယနေ့ဆိုလျှင် နှစ်ပေါင်း ၆၅ နှစ်ရှိခဲ့ပြီဖြစ်သည်။ စော်ဘွားအုပ်ချုပ်ရေးကွယ်ပျောက်ခဲ့သည်က နှစ်ပေါင်း ၆၅ နှစ်ရှိခဲ့ပြီဖြစ်သော်လည်း အာဏာမစွန့်ခင်အချိန်တုန်းကမူ ၎င်းတို့သည် ဗဟိုအစိုးရနှင့်အပြိုင် အုပ်ချုပ်ရေးစနစ်တစ်ခု ထူထောင်နိုင်ခဲ့ကြသူများသာ ဖြစ်သည်။ မျက်မှောက်ခေတ်ကာလမျိုးတွင် စော်ဘွားအုပ်ချုပ်ရေးစနစ်မရှိတော့ပြီဖြစ်သော်လည်း…
Month: April 2024
ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ပြန်ဖွင့် ******** ဧပြီ ၂၇၊ သံလွင်ခက် ကရင်ပြည်နယ်၊ မြဝတီမြို့အနီးတိုက်ပွဲများကြောင့် ဖြတ်သန်းသွားလာခွင့်ပိတ်ထားသော ချစ်ကြည်ရေးတံတား ၁ အား ယနေ့ နံနက် မြန်မာစံတော်ချိန် ၁၀ နာရီအချိန်တွင် ပြန်လည်ဖွင့်လှစ်လိုက်သည်။ တိုက်ပွဲများဖြစ်ပွားခဲ့သည့် ဧပြီလ ၂၁ ရက် မနက်ပိုင်း ၈ နာရီအချိန်ခန့်မှစကာ…
ကသာမြို့နယ်ကို စစ်ကောင်စီလေတပ်ဗုံးကြဲတိုက်ခိုက် ***** ထွယ် ဧပြီ ၂၆၊ ၂၀၂၄။ စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့နယ်တွင် စစ်ကောင်စီလေတပ်က ယနေ့မွန်းလွဲ ၁၂ ခွဲဝန်းကျင်၌ ဂျက်ဖိုက် တာဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ကသာမြို့အရှေ့ဘက် မြိုင်သာယာကျေးရွာက ဒေသခံပြည်သူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု…
ဆင်ဘိုစခန်းကုန်းတစ်ခုကို KIA ပူးပေါင်းတပ်သိမ်းပိုက် ***** ထွယ် ဧပြီ ၂၆၊ ၂၀၂၄။ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့နယ်အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ – ၁၄၁ တပ်၏ စခန်းကုန်းတစ်ခု ကို ကချင်လွတ်လပ်ရေးတပ်မတော် – KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဟု မြို့လှမြို့ PDF အဖွဲ့ ၏…
ဝမ္မသူးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရသဖြင့် လူနာများသေဆုံး ******* ထွယ် ဧပြီ ၂၆၊ ၂၀၂၄။ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် တိုက်နယ် – ၂ ရှိ ဝမ္မသူးဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည် ဟုသိရသည်။ ယမန်နေ့ည ၈ နာရီခန့်က ပေါင် ၅၀၀ ဗုံး ၆…
ဖာပွန်ရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို ပူးပေါင်းတပ်သိမ်းပိုက် ****** နန်းဆုပန်ခန့် ဧပြီ ၂၆၊ ၂၀၂၄။ ကေအဲန်ယူထိန်းချုပ်နယ်မြေ၊ တပ်မဟာ ၅ အတွင်းရှိ စစ်တပ်စခန်း ၂ ခုကို ပူးပေါင်တပ်များက ၁ ရက်တည်းသိမ်း ပိုက်နိုင်ခဲ့ပြီး ကရင့်အလံတော်ကိုလွှင့်ထူခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။ ဖာပွန်ဒေသအခြေစိုက် ခြေမြန်တပ်ရင်း…
လေးကေ့ကော်အနီး လက်နက်ကြီးအလုံး ၆၀ ခန့် စစ်ကောင်စီ လေယာဉ်ဖြင့် လာကြဲ ********************* နန်းဆုပန်ခန့် ဧပြီ ၂၆၊ ၂၀၂၄။ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း လေးကေ့ကော်မြို့သစ်အနီးရှိ စစ်ကောင်စီတပ်၏ စွယ်တော်ကုန်း (အမြောက်ကုန်း) အနီးဝန်းကျင်ကို စစ်တပ်က မီးကျည်အပါအဝင် လက်နက်ကြီးအလုံး ၆၀ ခန့်ကို Y -…
ရခိုင်ပြည်နယ်တွင် လူမျိုးရေးပဋိပက္ခဖြစ်စေရန် စစ်ကောင်စီဖန်တီးနေ ***** စကားမောင် ဧပြီ ၂၅ ၊ ၂၀၂၄။ ရခိုင်ပြည်နယ်အနှံ့အပြားတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် – AA တို့ကြားတိုက်ပွဲများပြင်းထန်နေပြီး လူမျိုးရေးပဋိပက္ခများဖြစ်စေရန် ဖန်တီးမှုများလည်းရှိနေသည်ဟု သတင်းရင်းမြစ်များထံကသိရသည်။ စစ်ကောင်စီအုပ်ချုပ်မှုယန္တရားအောက်ရှိဒေသများက ရိုဟင်ဂျာလူမျိုးများအား ဖိအားပေးဆန္ဒပြခိုင်းခြင်း၊ AA ကို မထောက်ခံကြောင်း လက် မှတ်ရေးထိုးခိုင်းခြင်း၊…
မပေါက်ကွဲသေးသည့်လက်နက်အကြွင်းအကျန်များ KNA ရှင်းလင်း ****** သဇင် ဧပြီ ၂၅၊၂၀၂၄။ မြဝတီမြို့ ၊ ထိုင်း – မြန်မာချစ်ကြည်ရေး အမှတ် ၂ တံတားအနီး ဖြစ်ပွားခဲ့သော နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း မပေါက်ကွဲဘဲကျန်ရှိနေသေးသည့် လက်နက်အကြွင်းအကျန်များကို ကရင်အမျိုးသားတပ်မတော် – KNA တပ်ဖွဲ့က ရှင်းလင်းနေသည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။…
ကရင်လက်နက်ကိုင်များနှင့် ကျားဖြန့်အရှုပ်အထွေး ****** ကောင်းချစ်အောင် ဧပြီ ၂၅၊ ၂၀၂၄။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာရှိတဲ့ တရုတ်အခြေစိုက်ဂိုဏ်းတွေရဲ့ ရာဇ၀တ်မှုဆိုင်ရာကျူးလွန်မှုတွေအတွက် အဓိကနေရာဖြစ်နေတာ အချိန်ကာလကြာမြင့်ခဲ့ပါပြီ။ ဒါပေမယ့် အဲဒီဂိုဏ်းတွေဟာ သူတို့အတွက်အကာအကွယ်တွေကင်းမဲ့လာမယ်ဆိုရင် မြန်မာပြည်တွင်းထဲက တခြားနေရာ ဒါမှမဟုတ် နယ်စပ်ဖြတ်ကျော်ရွှေ့ပြောင်းဖို့ အမြဲအသင့်ဖြစ်နေခဲ့ပါတယ်။ စနစ်တကျဖွဲ့စည်းထားတဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ ပြီးခဲ့တဲ့လပိုင်းတွေအတွင်း လုံခြုံရေးဆိုင်ရာပြဿနာတစ်ခုကို တကျော့ပြန်ရင်ဆိုင်လာရပြန်ပါတော့တယ်။…