ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းကို စစ်ကောင်စီက ရေတပ်၊ ကြည်းတပ်တို့မှအင်အားများဖြည့်ပြီးစစ်ကြောင်းထိုးနေသည်ဟု ယနေ့တွင် ပလက်ဝ CDFက သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့်နှစ်ရက် ဖေဖော်ဝါရီ၁၂ရက်တွင် ရခိုင်ပြည်နယ် ကျောက်တော်မှနေ၍ Navy တပ်(ရေတပ်)က အင်အား၁၀၀ ဦးကျော် စစ်သင်္ဘော၂ စီးဖြင့် ချင်းပြည်နယ် ၊ ပလက်ဝ မြို့နယ်သို့တက်ခဲ့သည်။ ထို့နောက် ပလက်ဝ ၂၈၉…
Year: 2023
မုံရွာမြို့ ညောင်ပင်စောက် လဝကရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြို့ပြပျောက်ကြားတပ်ဖွဲ့များပူးပေါင်းကာ အလစ်ငိုက်ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက်၊ ညနေ ၄နာရီဝန်းကျင်ခန့်တွင် အဆိုပါရုံးရှေ့၌ လုံခြုံရေးယူရန်ထွက်လာသည့် စစ်ကောင်စီစစ်သားများကို စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုကို ChinDwin Attack Force တပ်ရင်း-၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys အဖွဲ့ကဉီးဆောင်ပြီး အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့(CAF)၊ မုံရွာခရိုင်တပ်ရင်း-၄ တပ်ခွဲ Teachers People Defense Force၊Spring Dove တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ လဝကရုံးထဲတွင် အင်အားနှစ်ဆယ်ဝန်းကျင်ခန့်ရှိပြီး ရုံးရှေ့သို့ လုံခြုံရေးယူရန်ထွက်လာသည့် စစ်သားငါးယောက်ထွက်အလာကို စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု ChinDwin Attack Force သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။ “သူတို့ထွက်အလာကို ကျွန်တော်တို့ကားပေါ်ကနေ စောင့်နေခဲ့တာ ပစ်ပြီး အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်”ဟု၎င်းကပြောသည်။ ထိုပစ်ခတ်မှုတွင် စစ်သားငါးဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ကျန်နှစ်ဦးမှာ ရုံးအတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ရက်တွင်လည်း မုံရွာ နမခစစ်ဌာနချုပ်ကို ရှောတိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်နှင့် ပုလဲမြို့နယ်အစပ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း၏ စောင့်ကြိုတိုက်ခိုက်ခြင်းကို ခံရပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် ခုနစ်ဦး ကျဆုံးခဲ့သည်။ ပြီးခဲ့သည့် နှစ်ရက် ဖေဖော်ဝါရီ ၁၂ ရက်၊ နံနက်ပိုင်းတွင် ဆားလင်းကြီးမြို့နယ်မှ ထွက်လာသော အင်အား ၁၀၀ ဦးဝန်းကျင်ရှိစစ်ကောင်စီတပ်စစ်ကြောင်းကို ပုလဲမြို့နယ်အစပ်တွင် ကာကွယ်ရေးတပ်များ ပူးပေါင်း၍ တိုက်ခိုက်ရန်စီစဥ်ခဲ့သည်။ အဆိုပါစစ်ကြောင်းသည် ပုလဲမြို့နယ်…
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)၊ ဗဟိုကော်မတီဝင်ဟောင်း ကိုလင်းထက်နိုင် (ခ) ကိုဂျိမ်းကို စစ်ကောင်စီလက်အောက်ခံ တရားရုံးက ထောင်ဒဏ် ငါးနှစ် ထပ်မံ ချမှတ်ခဲ့သည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသူများထံမှ သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်တွင် စစ်ကောင်စီလက်အောက်ခံ ဗိုလ်တစ်ထောင်ခရိုင်တရားရုံးက ကိုဂျိမ်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (ခ)…
ဗယ်လင်တိုင်းယဉ်ကျေးမှုဟာ အင်္ဂလန်မှာ အရင်ဦးဆုံးပေါ်ထွန်းခဲ့တာဖြစ်ပြီး (၂ဝ) ရာစုနဲ့ (၂၁) ရာစုမှာတော့ ဒီဓလေ့ဟာ တခြားနိုင်ငံတွေကိုပါ တဖြည်းဖြည်းပျံ့နှံ့သွားပါတယ်။ မြန်မာနိုင်ငံမှာလည်း ဗယ်လင်တိုင်းယဉ်ကျေးမှုဟာ လူငယ်တွေအကြား ရေပန်းစားပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ မြန်မာနိုင်ငံက လူငယ်အများစု နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့ပါတယ်။ အရင်က မြို့ပေါ်မှာ ချစ်သူခင်သူတွေနဲ့ ဗယ်လင်တိုင်းနေ့ ဖြတ်သန်းကြတဲ့ လူငယ်တွေဟာ…
စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှု ဘုန်းကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲပြီး သံဃာတော်များ ထိခိုက်ဒဏ်ရာရ *********************************** ဖေဖော်ဝါရီ ၁၃ ၊ ၂၀၂၃ ။ စစ်ကောင်စီတပ်၏ (ခမရ-၉) မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိကျောင်းအိုင်ဘုန်းကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲပြီး သံဃာတော်များ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ယနေ့တွင် ကေအဲန်ယူဗဟိုက သတင်းထုတ်ပြန်သည်။ စစ်ကောင်စီတပ်၏ အမှတ်…
၁၀ရက်ကြာ ချင်းပြည်နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၄၀ထက်မနည်းသေဆုံး *************** ဖေဖော်ဝါရီ၁၃၊ ၂၀၂၃။ Chin National Army(CNA) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြားဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီ၁ရက်မှ ၁၁ရက်နေ့အထိ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ဦးထက်မနည်းသေဆုံးခဲ့သည်ဟု CNA၏ထုတ်ပြန်ချက်အရသိရသည်။ CNA တပ်မဟာ၁နယ်မြေအတွင်း Zotungဒေသသို့ဖေဖော်ဝါရီ၄ရက်နေ့တွင် အင်အား၁၅၀ ဝန်းကျင်ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာသောကြောင့်…
စစ်ကောင်စီအထိုင်တပ်နှင့် ရဲစခန်း ၁၅ ခုကို NUG PDF နှင့်ဒေသခံကာကွယ်ရေးတပ်များ ပူးပေါင်းတိုက် ************************* ဖေဖော်ဝါရီ ၁၃၊ ၂၀၂၃ ။ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ်များက စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ရေးပစ်မှတ်များကို မဟာဗျုဟာကျ ဟန်ချက်ညီညီ တိုက်ခိုက်နိုင်ခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။ ယခုလ ဖေဖော်ဝါရီ…
ပြည်သူ့စစ် သင်တန်းကျောင်းဆင်း တစ်ဦး ပစ်ခတ်ခံရ ******************** သံလွင်ခက်။ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၃။ ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်၊ ကညင်ကျိုးကျေးရွာမှ ပျူစောထီး ခေါင်းဆောင် ဦးကျော်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ကျောက်တံခါးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့တွင်ထုတ်ပြန်သည်။ ယမန့်နေ့ ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၅နာရီ ခန့်တွင် အမှတ်…
လက်ရှိတိုက်ပွဲဝင်နေသည့် နွေဦးတော်လှန်ရေး အောင်မြင်မည်ဟု ယုံကြည်ကြောင်း ကရင်အမျိုးသားအစည်းအရုံးKNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောသည်။ ယနေ့ အမျိုးသားညီညွတ်ရေးအစိုးရက ကျင်းပသည့် ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၆)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်တွင် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ပဒိုစောတာဒိုမူးက”တော်လှန်ရေးရဲဘော်ရဲဘက်များခင်ဗျာ နောက်ဆုံးအနေနဲ့ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးကို အသိပေးလိုတာက ကျွန်တော်တို့ရဲ့ စုပေါင်းအားနဲ့…