ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းကို ကျူးကျော်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်တို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာနေသည်ဟု သိရသည်။ ဒီးမော့ဆိုအရှေ့ခြမ်းတွင် ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီမှအထိနာသဖြင့် လေကြောင်း ပစ်ကူ အပါအဝင် လက်နက်ကြီးအလွန်အကျွံအသုံးပြုတိုက်ခိုက်နေသည်ဟု ယနေ့တွင်ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့တွင်ဖော်ပြထားသည်။ ယမန်နေ့ မတ်လ၂၁ ရက် နံနက်(၁၀)နာရီမှ ညနေ(၆)နာရီထိ ကရင်နီပြည်၊…
Year: 2023
ကရင်ပြည်နယ် ၊မြဝတီမြို့တွင် လျှပ်စစ်မီးရရှိခြင်းမရှိသော်လည်း မီတာထိန်းသိမ်းခ လစဉ် ပေးဆောင်နေရသည်ဟု မြို့ခံများက သံလွင်ခက်ကို ပြောသည်။ မြဝတီမြို့တွင် ယမန်နှစ် ဒီဇင်ဘာလ ၁၆ ရက် ကစပြီး လျှပ်စစ်မီးမရရှိဘဲ မီတာထိန်းသိမ်းခပေးဆောင်နေရခြင်းဖြစ်သည်ဟု အသက်၄၀ အရွယ် မြဝတီမြို့ခံအမျိုးသားတစ်ဦးက သံလွင်ခက်ကိုပြောသည်။ “တစ်လ ၅၀၀ မီတာထိန်းသိမ်းခ လတိုင်းပေးနေရတာ။မြဝတီမှာ တစ်မြို့လုံးအတိုင်းအတာနဲ့ဆိုရင်မီတာ…
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်တွင် ယာယီစစ်ဘေးရှောင် ကလေးငယ်များကို သံချဆေးတိုက်ကျွေးခဲ့သည်ဟု စစ်ဘေးရှောင် ကူညီသူများထံက သိရသည်။ ကနီမြို့နယ်အတွင်းရှိ လုံခြုံရေးအရအမည်မဖော်လိုသော ကျေးရွာနှစ်ရွာတွင် မတ်လ ၂၁ ရက်နေ့က ကလေးငယ်၁၄၁ ဦးကို နွေဦးတော်လှန်ရေးသပိတ်အင်အားစု (ကနီမြို့နယ်)အဖွဲ့ဝင်များက သံချဆေး တိုက်ကျွေးခဲ့ခြင်းဖြစ်သည်ဟု ကူညီသူတစ်ဦးက ပြောသည်။ အဆိုပါ သံချဆေးတိုက်ကျွေးခြင်းအစီအစဉ်ကို (၇၄) ကြိမ်မြောက်…
မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ်-အမှတ်၁ ထင်းတန်းရပ်ရှိ မြို့ပေါ်မစ်ရှင်များပြုလုပ်နေသည့် လျှို့ဝှက်စခန်းတစ်ခု အသိမ်းခံခဲ့ရသည်ဟု သိရသည်။ အသိမ်းခံရသည့်နေအိမ် အဆောက်အအုံသည် Myingyan Black Tiger (MBT)၏ စခန်းအမှတ်၂ဖြစ်ပြီး ဒလန်သတင်းပေးကြောင့် ဝင်ရောက်အသိမ်းခံရခြင်းဖြစ်သည်ဟု MBT အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲကပြောသည်။ “သတင်းပေးလိုက်ပြတာပါ အဲလူအကြောင်းတော့သေချာမသိရဘူး မြို့ပေါ်မစ်ရှင်တွေလုပ်တဲ့နေရာသိမ်းခံလိုက်ရတော့ တော်တော်ဒုက္ခရောက်ရတယ်”ဟု ဆိုသည်။ မတ်လ၂၁ရက်…
ပျူစောထီးများကိုပင် ထိန်းချုပ်နိုင်ခြင်းမရှိသည့် စစ်ကိုင်းတိုင်းခင်ဦးမြို့နယ်တွင် ပျူစောထီးရန်ကြောက်ရ၍ကျေးရွာ ၂၇ ရွာမှဒေသခံပြည်သူများဘေးလွတ်ရာ ရှောင်တိမ်းနေကြရသည်ဟု ဒေသခံများထံမှသိရသည်။ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းများမထိုးသည့်မှာ အချိန်နှစ်ပတ်ကျော်ကြာနေပြီဖြစ်သော်လည်းပျူစောထီးရွာများနှင့်နီးသည့် ကျေးရွာများမှ ဒေသခံ ၇၀၀၀ ဦးဝန်းကျင်သည်ရှောင်တိမ်းနေကြရဆဲဖြစ်သည်။ ” စစ်ကြောင်းမရှိပေမယ့် သူတို့ရိက္ခာပြတ်ပြီးဆိုရင် သူတို့ပျူရွာတွေနဲ့နီးစပ်ရာရွာတွေကိုဝင်ပြီးအကြမ်းလုယက်တယ်။ အဲလိုလုပ်တဲ့အတွက် အနီးနားမှာတဲ့ကျေးရွာ ၂၇ ရွာက ဒေသခံအားလုံးထွက်တာမဟုတ်ဘူး။ မနေရဲတဲ့ဒေသခံတွေ ရှောင်နေကြတာပေါ့နော်။…
တာတိုင်ရွာတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့် ဘီလူးကွန်မန်ဒိုစစ်ကြောင်းသည် PDF ယူနီဖောင်းများဝတ်ကာ ဝင်ရောက်လာမှုကြောင့် စခန်းတစ်ခုမီးရှို့ဖျက်ဆီးခံရပြီး ပြည်သူနှစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။ ယခု မတ်လ၁၉ရက်တွင် ဘီလူးစစ်ကြောင်းသည် မြောင်မြို့နယ် ငရံ့အိုရွာမှတဆင့် ရေစကြိုမြို့နယ်အတွင်းသို့ဝင်ရောက်လာခဲ့သည်ဟု Shwe Lal Kyun PDF တာဝန်ခံရဲဘော် ဗိုလ်ဗန်ဒိန်းက သံလွင်ခက်ကိုပြောသည်။ “လုံခြုံရေးအရ ရွာနာမည်တော့မပြောတော့ဘူး စခန်းအထိုင်ချရာရွာနားလေးကို မနက်ငါးနာရီခွဲလောက်မှာရောက်လာတာ”ဟု…
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောထဲများ၌ ရှောင်တိမ်းနေကြရသည့် ခင်ဦးမြို့နယ်မှ စစ်ဘေးရှောင်များသည်ညတွင်းချင်းမိုးရေထဲ ရွေ့ပြောင်းခဲ့ကြရပြီး နေစရာအတွက် အရေးပေါ်ပြင်ဆင်ပေးနေရသည်ဟု ကူညီပေးနေသူများထံမှသိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူ ၇၀၀၀ ဦးခန့်သည် စစ်ကောင်စီတပ်စစ်ကြောင်းထိုးမှုနှင့်နေအိမ်များမီးရှို့ဖျက်ဆီးမှုများကြောင့် အိုးအိမ်မဲ့ မီးဘေးသင့်စစ်ဘေးရှောင်အများအဖြစ် တောထဲတွင်ယာယီတဲလေးများဆောက်လုပ်၍ ခိုလှုံနေကြရသည်။ ” ရာသီဥတုဖောက်တာ ၃ရက်လောက်ရှိပြီးပေါ့နော်။ မနေ့ကစပြီးတော့ မိုးသည်းကြီးမည်းကြီးရွာတာပေါ့နော်။ ခါတိုင်းရက်တွေဆို မိုးကတစ်ဖြောင့်နှစ်ဖြောင့်လောက်ပဲရွာတော့…
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် တပ်မဟာ ၃၊ မူးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းလို့ စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့်ပစ်ခတ်သောကြောင့် ဒေသခံပြည်သူ ၄၀၀၀ကျော်ထွက်ပြေးတိမ်းရှောင်နေရသည်။ ယမန်နေ့ မတ်လ ၂၀ရက်နေ့ နံနက် ၄း၃၀ နာရီအချိန်ခန့်တွင် စစ်ကောင်စီဘက်မှ နတ်သံကွင်း တံတားထိပ်မှနေပြီးလက်နက်ကြီး ၈ လုံးပစ်ခတ်ခဲ့ပြီး အဆိုပါလက်နက်ကြီးများမှာ ဥသျှစ်ကုန်းရွာအတွင်းနှင့်အနီးတစ် ဝိုက်တွင်းကျရောက်ပေါက်ကွဲခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး၏ထုတ်ပြန်ချက်အရသိရသည်။…
ထိုင်းနိုင်ငံ PTTEP ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းအနေဖြင့် ရက်ပေါင်းသုံးဆယ်အတွင်း ပူးပေါင်းဆောင်ရွက်မှုမရှိပါက စင်ကာပူနိုင်ငံ အနုညာတ တရားရုံးတွင် တရားစွဲဆိုမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက မနေ့ကပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင်ပြောသည်။ ”ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ရလဒ်နဲ့ သိပ်ပြီးတော့မကိုက်ညီဘူးဆိုရင်ပဋိညာဉ်စာချုပ်ပါ ပေးထားချက်နဲ့ကတိကဝတ်များအရ စင်ကာပူအနုညာတအငြင်းပွားမှုဆိုင်ရာခုံရုံးကိုဦးတိုက်လျှောက်ထားသွားမှာဖြစ်ပါတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးတင်ထွန်းနိုင်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ တရားစွဲမည်ဆိုပါက တရားရုံးကုန်ကျစရိတ်…
ကရင်ပြည်နယ်၊ ကေအဲန်ယူတပ်မဟာ၆နယ်မြေအတွင်းရှိ စစ်ရေးလှုပ်ရှားမှုများဆောင်ရွက်နေသည့် KNLA နှင့်PDF ပူးပေါင်း ကော်ဘရာစစ်ကြောင်းမှရဲဘော်များသည် ရာသီဥတုဒဏ်နှင့်ခြင်ကိုက်သည့်အခြေအနေများကြောင့် ငှက်ဖျားဖြစ်ပွားမှုများနေသည်ဟု သိရသည်။ ကော်ဘရာစစ်ကြောင်း တပ်ခွဲ၄ တပ်စု၂အတွင်းရှိရဲဘော်များတိုင်းငှက်ဖျားဖြစ်ပွားနေပြီး ထပ်ကာထပ်ကာပြန်ဖြစ်ပွားနေလေ့ရှိနေသည်ဟု ကော်ဘရာစစ်ကြောင်း ဆေးမှူးကပြောသည်။ “တစ်လအတွင်းအနည်းဆုံးပျှမ်းမျှအားဖြင့် အယောက်၂၅ယောက် ၃၀တော့ဖြစ်တယ်။ တစ်ယောက်ကိုအနည်းဆုံးတစ်လကို တစ်ကြိမ်လောက်တာ့ဖြစ်တယ် ” ဟု ၎င်းကပြောပြသည်။ ရဲဘော်များအနေဖြင့် မကြာခဏငှက်ဖျားဖြစ်ပွားနေရာ…