My parents being married for 44 decades, nonetheless broke up for several several months even though they had been internet dating before they had gotten engaged.…
Year: 2023
သံလွင်ခက်။ မေ ၁၈ ၊ ၂၀၂၃။ လက်ရှိနိုင်ငံရေး အကြပ်အတည်းကို ကျော်လွှားနိုင်ရန် ပါဝင်သင့် ၊ ပါဝင်ထိုက်သူများ အားလုံးပါဝင်သည့်နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ်လာရေး ဆွေးနွေးခဲ့သည်ဟု NCA အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသားမဟာမိတ်အဖွဲ့၏ ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ PPST ကထုတ်ပြန်သည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S EAO) (၇) ဖွဲ့ ထိပ်သီးမျက်နှာစုံညီအစည်းအဝေးကို…
သဇင် မေ၁၈၊၂၀၂၃။ မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းနှင့် ကျိုက်ထိုတော်လှန်ရေးပူးပေါင်းအဖွဲ့များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ ယနေ့ မေလ၁၈ရက်၊ နံနက် ၇နာရီ ခန့်တွင် ဘီလင်းမြို့နယ်၊ မယ်လံရွာဘက်မှ ဆင်းလာသည့် အင်အား(၁၀၀)ခန့်ရှိစစ်ကြောင်း နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များ နယ်ခြားရွာအနီးတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အပြန်အလှန်ပစ်ခတ်ချိန် (၁၂)မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ…
ကောင်းချစ်အောင် မေ ၁၈၊ ၂၀၂၃။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်ကောင်စီသည် စစ်လက်နက်နှင့် ကုန်ကြမ်းပစ္စည်းများ ဝယ်ယူရေးအတွက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံခန့် (ကျပ်ဘီလီယံ ၃၀၀၀ နီးပါး) သုံးစွဲခဲ့သည်ဟု “The Billion Dollar Death Trade”အမည်ရ အစီရင်ခံစာအရသိရသည်။ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို…
သံလွင်ခက် မေ ၁၈၊ ၂၀၂၃။ ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်း တိုက်ခတ်ခံရပြီးနောက် မုန်တိုင်းဒဏ် နောက်ဆက်တွဲ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် NUG နှင့် ညီနောင်မဟာမိတ် တော်လှန်ရေးအဖွဲ့များက ကျပ်သိန်း ၅၀၀၀လှူဒါန်းထားသည်။ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ်က ကျပ်သိန်း သုံးထောင်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ထံမှ ကျပ်သိန်းတစ်ထောင်…
ယမင်းဖူးပွင့်အောင် မေ ၁၈၊ ၂၀၂၃။ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် ယမန်နေ့က စစ်ကောင်စီစစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခြင်းခံခဲ့ရသည်ဟုဒေသခံများထံက သိရသည်။ တနင်္သာရီမြို့နယ် ၊ဘန်းလမွတ်ကျေးရွာနှင့် ညောင်ပင်ကုန်းကျေးရွာကြားတွင် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကိုယမန်နေ့ နံနက် ၈ နာရီခန့်တွင် တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းခွဲတိုက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ အဆိုပါ မိုင်းခွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးခန့်သေဆုံးပြီး…
ကောင်းချစ်အောင် မေ ၁၈၊ ၂၀၂၃။ ဝက်လက်အခြေစိုက် Local PDF တပ်ဖွဲ့ဝင်နှစ်ဦး ထောင်ဒဏ်၁၀နှစ်ချမှတ်ခံရမှုအတွက် အယူခံတင်နိုင်ရန်တရားသူကြီးထံ အမှုတွဲတောင်းဆိုခဲ့ရာ တရားသူကြီး၏ မချေမငံပြောဆိုမှုနှင့်ကြုံခဲ့ရသည်ဟုအမှုတွင် လိုက်ပါဆောင်ရွက်ပေးနေသည့် GZအဖွဲ့ကိုယ်စားလှယ်ကိုနေမင်းခန့်က သံလွင်ခက်ကိုပြောသည်။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဆားတောင်ကြီးကျေးရွာ ပ.က.ဖ ခေါင်းဆောင် မောင်စန်းအား သတ်ရန်ကြံစည်ပစ်ခတ်မှုဖြင့် GZ Special Task…
ယမင်းဖူးပွင့်အောင် မေ ၁၇၊ ၂၀၂၃။ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကာလ အလွန်တွင် ပြည်သူများအနေဖြင့် မပေါက်ကွဲသေးသည့် မိုင်းများကို တွေ့ရှိပါက သက်ဆိုင်ရာအဖွဲ့အစည်းကို အကြောင်းကြားရန်နှင့် မြေမြှုပ်မိုင်းအန္တရာယ်ကို သတိပြုရန် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဒေသခံများကို အသိပေးပြောဆိုထားသည်။ မုန်တိုင်းအတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲနိုင်သော လက်နက်ခဲယမ်းတို့သည် မိုးကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းတို့ကြောင့် နေရာရွေ့လျားနိုင်ပြီး ချို့ယွင်းမှုဖြစ်ပေါ်နိုင်သောကြောင့်…
သံလွင်ခက် မေ ၁၇၊ ၂၀၂၃။ ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်း တိုက်ခတ်ခံရပြီးနောက် သောက်သုံးရေ ပြတ်လပ်မှုများ ကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်း ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာတွင် တစ်ခုတည်းရှိသည့် ရေသန့်စက်ရုံ ပြိုသွားသဖြင့် ယင်းဒေသတဝိုက် နေထိုင်သူများသည် နှုံးရေများ သောက်နေရသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက သံလွင်ခက်ကို…
နန်းဆုပန်ခန့် မေ ၁၇ ၊ ၂၀၂၃ ။ စစ်ကောင်စီတပ်စစ်ကြောင်းများက ကေအဲန်ယူတပ်မဟာ၃နယ်မြေရှိ ကျေးရွာများအတွင်းကိုဆက်တိုက်စစ်ကြောင်းထိုးနေသဖြင့် မုန်တိုင်းကြောင့် မိုးရွာသွန်းမှုနှင့်လမ်များပျက်စီးမှုများရှိနေသည့် အခြေအနေများကြားတွင် ဒေသခံနှစ်သောင်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးနေကြရသည်ဟု ကူညီနေသူများထံမှ သိရသည်။ ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူတပ်မဟာ၃နယ်မြေ၊ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်အတွင်းရှိကျေးရွာများကို စစ်ကောင်စီတပ် စစ်ကြောင်းများက ယခုရက်ပိုင်းအတွင်းဆက်တိုက်စစ်ကြောင်းထိုးနေသည်။ “…