သံလွင်ခက် မေ ၂၃၊ ၂၀၂၃။ မြန်မာနိုင်ငံနယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် နယ်မြေခံရဲများနှင့် လူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ယခုရက်သတ္တပတ်အတွင်း စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု မဲဆောက်မြို့တွင် နေထိုင်သည့် မြန်မာနိုင်ငံသားများထံက သိရသည်။ အဆိုပါပူးပေါင်းအဖွဲ့များသည် မြို့တွင်း သွားလာသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာဈေးဆိုင်အချို့ကိုပါ ဝင်ရောက်စစ်ဆေးမှု ပြုလုပ်နေသည်ဟု မဲဆောက်တွင် နေထိုင်သည့်…
Year: 2023
သံလွင်ခက် မေ ၂၃ ၊ ၂၀၂၃ ။ ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် ချင်းပြည်နယ်တွင် မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် အခြေအနေများကို စာရင်းကောက်ယူနိုင်ရန် ခက်ခဲနေကာ မုန်တိုင်းအပြီး ၉ရက်မြောက်နေ့ ယနေ့တွင်ပျက်စီးမှုစာရင်း ၁၅၀၀ ကျော်ထိထပ်တိုးရရှိခဲ့သည်ဟု ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ -INTERIM CHIN NATIONAL CONSULTATIVE COUNCIL…
သံလွင်ခက်။ မေ ၂၃ ၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်းက တိုက်ပွဲဖြစ်ပွားရာနေရာကို စစ်ကောင်စီတပ်က လေယာဉ် ၂ စီးဖြင့်ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာနေရာကို လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက် ယနေ့ မေလ ၂၃ ရက် နံနက်၁၁ နာရီ ၂၀…
နန်းဆုပန်ခန့် မေလ ၂၃ ၊ ၂၀၂၃။ ပြီးခဲ့သည့် စပါးရိတ်သိမ်းချိန်တွင် တိုက်ပွဲများကြောင့် ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးခဲ့ရသည့် ကေအဲန်ယူတပ်မဟာ၃ ဒေသခံများသည် လာမည့်မိုးရာသီစပါးပြန်စိုက်ရန်အတွက်လည်း ထွန်ယက်မှုများမပြုလုပ်နိုင်သေးဘဲ စစ်ကြောင်းများထိုးနေမှုကြောင့် မကြာခဏထွက်ပြေးတိမ်းရှောင်နေကြရသည်။ ကေအဲန်ယူတပ်မဟာ ၃ ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင် ခရိုင်အတွင်းရှိ မုန်းမြိုနယ်နှင့် ကျောက်ကြီးမြို့နယ်အတွင်းရှိကျေးရွာ ၇၀ ရာခိုင်နှုန်းသည် စစ်ကောင်စီစစ်ကြောင်းထိုးလိုက်၊…
Sustanon 250: Una panoramica sullo steroide Cos’e Sustanon 250?
ကောင်းချစ်အောင် မေ ၂၂၊ ၂၀၂၃။ မန္တလေးမြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်သည့် Royal Phoneix Guerrilla Force-RPGF အဖွဲ့ဝင်ရှစ်ဦးနှင့်ငွေကြေးထောက်ပံ့သူငါးဦးကို တရုတ်ကြိုးဆွဲ လက်ပစ်ဗုံးငါးလုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု စစ်ကောင်စီသတင်းပြန်ကြားရေးအဖွဲ့က ယမန်နေ့က ထုတ်ပြန်ထားသည်။ ပြီးခဲ့သော ဧပြီလ ၆ရက်တွင် RPGF ဒုခေါင်းဆောင်ဖြစ်သူ ကိုချမ်းမြေ့ဦး(ခ)ဘရိတ်ကီ(ခ) ကောက်ကြီးကို ချမ်းမြသာစည်မြို့နယ်ရှိ တည်းခိုးခန်းတစ်ခုတွင် ဖမ်းဆီးခဲ့ပြီး…
သံလွင်ခက်။ မေ ၂၂ ၊ ၂၀၂၃။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ပန်မွန်းကျေးရွာအနီးတွင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား ၂ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု TNLA က ယမန်နေ့ မေလ ၂၁ရက်တွင် ထုတ်ပြန်သည်။ မေလ ၂၀ ရက်တွင် TNLA…
ကောင်းချစ်အောင် မေ ၂၂၊ ၂၀၂၃။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာနှင့် ကျောက်တံတားကျေးရွာကြား မန္တလေး-မတ္တရာ ကားလမ်းပေါ်တွင် စစ်ကောင်စီယာဉ်တန်းအား ယမန်နေ့နံနက်၁၀နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု မြို့ပြပြောက်ကျားအဖွဲ့များထံမှ သိရသည်။ မန္တလေးမြို့ဘက်မှ မတ္တရာမြို့ဘက်သို့ မောင်းနှင်လာသည့် အဆိုပါယာဉ်တန်းတွင် ကိုးစီးပါဝင်ပြီး ရှေ့ထွက်မိုင်းသုံးလုံးဖြင့် စနစ်တကျဖောက်ခွဲခဲ့သည်ဟု မြနန္ဒာစစ်ဆင်ရေး(မန္တလေး) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။…
သဇင် မေ ၂၂၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် မေလ ၁ လအတွင်း မြွေဆိုးကိုက်ခံရသူ ၅ ဦးရှိလာပြီဟု စစ်ဘေးရှောင်အရေးကူညီသူများထံမှသိရသည် ။ မေလ ၁ ရက်နေ့မှ ယနေ့ (မေလ ၂၂ရက်)အထိ မြွေဆိုးကိုက်ခံရသူ ၅ ဦးရှိပြီး ၎င်းတို့မှာ ကန့်ဘလူမြို့နယ် ၊ချပ်သင်းတိုက်နယ်…
ကောင်းချစ်အောင် မေ ၂၂၊ ၂၀၂၃။ မိုခါဆိုင်ကလုန်းမုန်တိုင်း ဒဏ်သင့် မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထား အကူအညီများပေးအပ်ရာတွင် တော်လှန်ရေးအစုအဖွဲ့များမှတဆင့် တိုက်ရိုက်ပေးအပ်သွားရန် အမျိုးသားညီညွတ်ရေးအစိုးရကတိုက်တွန်းထားသည်။ အကူအညီများပေးအပ်ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊တိုင်းရင်းသားအရပ်ဘက်အဖွဲ့အစည်းများထံသို့ တိုက်ရိုက်လုပ်ဆောင်သွားရန် တိုက်တွန်းထားခြင်းဖြစ်သည်။ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ အီတလီ နှင့် မိတ်ဖက်အဖွဲ့အစည်းများပါဝင်သည့်G7အစည်းအဝေးကို…