The Short Version: Highly profitable males you should not have time for you play video games or research companionship. At the same time, youthful, stunning ladies…
Year: 2023
ယမင်းဖူးပွင့်အောင် ဇွန် ၁၀၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းအနီးတစ်ဝိုက်က ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးမီးရှို့နေသည်ဟု ဒေသခံများထံက သိရသည်။ ညောင်ပင်ကြီးရဲစခန်းကို ယမန်နေ့ ညနေ ၄ နာရီခန့်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သွားတိုက်ခဲ့ပြီးနောက် မုံရွာဘက်ကမ်းမှ စစ်ကူများ ဝင်ရောက်လာပြီး ရဲစခန်းအနီးတစ်ဝိုက်ရှိကျေးရွာများကို စစ်ကြောင်းထိုးမီးရှို့နေခြင်းဖြစ်သည်။ စစ်ကြောင်းထိုး…
နန်းဆုပန်ခန့် ဇွန် ၁၀၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ကို စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က ပြည်သူ ၄၀ ခန့်ကို ဓားစာခံအဖြစ်ဖမ်းဆီးထားသည်ဟု ဒေသခံများထံမှ သိရသည်။ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်မှတစ်ဆင့် ပုလဲမြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာသည့်အင်အား ၁၀၀ဝန်ကျင်းရှိ အဆိုပါစစ်ကြောင်းသည်စစ်ကြောင်းတလျောက်၌ ပြည်သူ ၅၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ ယမန်နေ့တွင် ပုလဲမြို့နယ်အတွင်းကို စစ်ကြောင်းထိုဝင်ရောက်လာချိန်၌…
သံလွင်ခက်။ ဇွန် ၁၀ ၊ ၂၀၂၃။ ရခိုင်ပြည်နယ်ရှိ မိုခါ မုန်တိုင်းသင့် ပြည်သူများအတွက် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) က ငွေကျပ် သိန်း ၁၀၀၀၀ ထောက်ပံ့ ပေးအပ်ခဲ့သည်ဟု MOCHA ဆိုင်ကလုန်း…
သဇင် ဇွန် ၁၀ ၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ကြားကာလ ပြည်သူ့တရားစီရင်ရေးအဖွဲ့မှ တရားသူကြီး ဦးပုဏ္ဏကကို မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) တပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည်ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။ ဇွန်လ ၇ရက်၊နံနက်(၉)နာရီခန့်တွင် ပုလဲမြို့နယ်၊ကုက္ကိုကုန်းရွာ နှင့် လက်ပုကန်ရွာကြားတွင် ဦးပုဏ္ဏက(ခ) ဦးဇာနည်မောင်ကို MRDAတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခြင်း…
ဇွန် ၁၀၊ ၂၀၂၃။ သံလွင်ခက်။ ရခိုင်ပြည်နယ်က မိုခါမုန်တိုင်းသင့် ပြည်သူများကို ကူညီမှုပေးရန် ရန်ကုန်မြို့မှ ထွက်ခွာလာသည့် ကား ၇ စီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည်ဟု ဒေသခံများထံက သိရသည်။ ရန်ကုန်မြို့မှ ထွက်ခွာလာသည့် ကား ၇ စီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ ဇွန်လ ၉…
ယမင်းဖူးပွင့်အောင် ဇွန် ၁၀ ၊ ၂၀၂၃။ ရက်ပေါင်း ၂၀ ကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည့် ပဒူကျေးရွာဒေသခံများကို စစ်ကောင်စီတပ်ကစစ်ကိုင်းတောင်ရိုးဘုန်ကြီးကျောင်းများနှင့်မြို့ပေါ်ရပ်ကွက်များအထိပါ လိုက်လံဖမ်းဆီးနေသောကြောင့် စစ်ဘေးရှောင်ပြည်သူ ကိုးဦး ဖမ်းဆီးခံထားရသည်ဟု ဒေသခံများထံမှ သိရသည်။ စစ်ဘေးရှောင်နေသည့် ပဒူကျေးရွာဒေသခံများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြောင်းတစ်စုံတစ်ရာမရှိဘဲဖမ်းဆီးနေခြင်းဖြစ်ပြီး ယခုလ ဇွန် ၆ ရက်တွင် ရွှေတောင်ဦးမှော်ကျောင်းတိုက်၌…
မေသံလွင်။ ဇွန် ၉ ၊ ၂၀၂၃။ ပဲခူးတိုင်း၊ ကျောက်ကြီးမြိုနယ်၊ သိမ်းတန်းရပ်ကွက်ရှိ ကျောက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဌာနဆိုင်ရာဝန်ထမ်းများ အစည်းအဝေးပြုလုပ်နေချိန်တွင် ဒရုန်းဖြင့် ဗုံးကြဲခံခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။ ယနေ့ ဇွန်လ ၉ ရက် မနက် ၁၁နာရီဝန်းကျင်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရဖြင်းဖြစ်သည်ဟု ကျောက်ကြီးမြို့နယ် ဒေသခံတစ်ဦးက သံလွင်ခက်သတင်းဌာနကို…
သဇင် ဇွန် ၉၊၂၀၂၃။ စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင်အတွင်းရှိ ကျန်းမာရေးစေတနာ့ဝန်ထမ်းများ စုပေါင်းကာ စစ်ဘေးရှောင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည်ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ က ထုတ်ပြန်ထားသည်။ ဇွန်လ ၂ရက်မှ ဇွန်လ ၇ရက်အတွင်း ကန့်ဘလူခရိုင်ရှိ ဆရာဝန်များ၊ကျန်းမာရေးဝန်ထမ်းများက စစ်ရှောင်စခန်းနှစ်ခု နှင့် စစ်ဘေးရှောင်ကျေးရွာတစ်ရွာတို့မှ စစ်ဘေးရှောင်ဦးရေ (၁၄၃)ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည်ဟု…
ကောင်းချစ်အောင် ဇွန် ၉၊ ၂၀၂၃။ မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်တွင် ရွာပေါင်း၂၀မှ ပြည်သူများနှင့် ရဲဘော်များအတွက် ငှက်ဖျားကာကွယ်ဆေးနှင့် အခြားဆေးဝါးပစ္စည်းများလိုအပ်နေသည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ အဆိုပါရွာများမှ ပြည်သူများနှင့် တပ်ဖွဲ့ရဲဘော်များတွင် ငှက်ဖျားပိုးများတွေ့နေရပြီး အရေးပေါ်ဆေးဝါးလိုအပ်နေသည်ဟု မင်းဘူးခရိုင်အမှတ်-၃တပ်ရင်းတွင် ရုံးအုပ်တာဝန်ယူထားသူ ကိုနေကြီးက သံလွင်ခက်ကိုပြောသည်။ “လောလောဆယ်တော့ ရဲဘော်လေးယောက်မှာ ငှက်ဖျားပိုးတွေ့ထားတယ်။ ကျန်တဲ့…