ချင်းပြည်နယ် ဖလမ်းမြို့နယ် ရမ်းထလိုကျေးရွာကို စစ်ကောင်စီက ယနေ့နံနက် ၁၁ နာရီခန့်တွင် လေကြောင်းဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ လေကြောင်းပစ်ခတ်ခံရသဖြင့် ဒေသခံပြည်သူ (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံပြည်သူတို့၏ ဘုရားကျောင်း ပျက်စီးသွားသည်ဟု ချင်းအမျိုးအဖွဲ့ချုပ် CNO/ CNDF ၏ ပြောရေးဆိုခွင့်ရှိသူက သံလွင်ခက်ကို ပြောသည်။…
Month: August 2023
မြန်မာနိုင်ငံတွင်းမှ ငွေလိမ်ဂိုဏ်းများလုပ်ကိုင်နေကြသူများအနေဖြင့် ၎င်းတို့နေရာတွင် ဘာဖြစ်နေသည်ကို ကမ္ဘာ ကြီးကမသိစေလိုပေ။ ငွေလိမ်ဂိုဏ်းခေါင်းဆောင်သူဌေးများကလည်း ၎င်းတို့၏ရာဇဝတ်မှုများကို ဖုံးကွယ်နိုင်ရန် ကြိုးစားလျက်ရှိသောကြောင့် မည်သူမဆို၏ဖုန်းများကိုသိမ်းယူပြီးနောက် အလုပ်လုပ်သောပစ္စည်းများကို ၎င်းတို့ မထွက်ခွာမီမှာပင် ရှင်းလင်းပစ်လေ့ရှိသည်။ ဂျိန်းနှင့်မက်စ် အမည်ရှိ ဖိလစ်ပိုင်နိုင်ငံသားနှစ်ဦးသည် မြန်မာ-ထိုင်းနယ်စပ်တလျှောက်ရှိ ရာဇဝတ်ဂိုဏ်းများထဲမှ တစ်ခုတွင် အတင်းအကျပ်အလုပ်စေခိုင်းခံခဲ့ရလေသည်။ ဇူလိုင်လအစောပိုင်း ၎င်းတို့အားပြန်မလွတ်ပေးခင်အချိန် အထိ ဒဏ်ရာများပျောက်ကင်းရန်…
ကောင်းချစ်အောင် ဩဂုတ် ၁၁၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ထန်းတောအင်းဖြတ်ရပ်ကွက်၊ နေအိမ်တစ်လုံးတွင် ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီးကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့သည့်အမျိုးသားခုနစ်ဦးကို ဖမ်းမိထားသည်ဟုGUARDIAN FORCE အဖွဲ့ခေါင်းဆောင်ထံမှ သိရသည်။ ယနေ့နံနက်ပိုင်းတွင် ၎င်း၏လူမှုကွန်ရက်မှတစ်ဆင့် Live လွှင့်ပြောကြားသည့် ဗီဒီယိုဖိုင်တင်ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသည့်သူများက ဝန်ခံထားသည်ကိုလည်း တွေ့ရသည်။ ယမန်နေ့ ညနေ ၃…
နန်းဆုပန်ခန့် သြဂုတ် ၁၁ ၊ ၂၀၂၃ ။ မြဝတီမြို့အနီး လက်ခတ်တောင်ခြေတစ်ဝိုက်တွင် တိုက်ပွဲများပြင်းထန်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်မှတပ်ကြပ်တစ်ဦးနှင့် တပ်သားတစ်ဦးတို့ လက်နက်ချအလင်းဝင်လာသည်ကို ယမန်နေ့၌ ကော်ဘရာစစ်ကြောင်းကဖော်ပြသည်။ စစ်ကောင်စီတပ်၏ တပ်မ-၄၄ လက်အောက်ခံ ခမရ-၁၁၈ မှ ဒု-တပ်ကြပ် ဇော်မျိုးခိုင် ၃၆ နှစ် နှင့် တပ်သား အောင်မျိုးဇော်…
သံလွင်ခက်။ ဩဂုတ် ၁၀၊၂၀၂၃။ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ ခန့် သေဆုံးခဲ့သည်ဟု ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။ ယမန်နေ့ ဩဂုတ် ၉ ရက် နံနက် ၄ နာရီမှစတင်ကာ နေ့လည်ပိုင်းအချိန်ထိ ကျောက်တံခါးမြို့နယ် ကျွဲတလင်းကျေးရွာနှင့် သမင်အင်းကုန်းကျေးရွာကြားတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊…
သံလွင်ခက် ဩဂုတ် ၉၊ ၂၀၂၃။ တိုက်ပွဲများပြင်းထန်နေသည့် ပဲခူးတိုင်း ၊ ကျောက်တံခါးမြို့နယ်အတွင်းကို စစ်ကောင်စီက အင်တာနက်လိုင်း ဖြတ်တောက်ထားသည်ဟု ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက် နေ့လယ်ပိုင်းအချိန်ကစပြီး အင်တာနက်လိုင်းများ ဖြတ်တောက်ထားခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။ ” နေ့လယ်ပိုင်းကစပြီး…
သံလွင်ခက် ဩဂုတ် ၉ ၊ ၂၀၂၃။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသ ဆီဆိုင်မြို့ အနောက်ဘက်ခြမ်းရှိကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ်(PNO) က ဆန်နှင့်ငွေကောက်ခံနေသည်ဟု ဒေသခံများထံမှ သိရသည်။ ရှေ့တန်းတပ်သားများအတွက်ဟုဆိုကာ ပအိုဝ်း ပြည်သူ့စစ်(PNO)တပ်ဖွဲ့မှ ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်နေ့ကတည်းက စာပို့အကြောင်းကြားထားခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ၎င်းက “ဒီနေ့က…
Saw Smith သြဂုတ် ၉၊ ၂၀၂၃။ အာဏာသိမ်းကာလအစောပိုင်း ၂၀၂၁ ခုနှစ်၊ မေလကတည်းက မြေပြင်အင်အား ထောင်ချီနှင့် လေကြောင်းတိုက်ခိုက်မှုများပါ အစောဆုံး အသုံးပြု၍ စစ်ကောင်စီက ထိုးစစ်ဆင်ခဲ့သည့် ပြည်နယ်တစ်ခု…။ လူဦးရေ သုံးသိန်းဝန်းကျင်ခန့်သာရှိသည့် ကယားပြည်နယ်…။ ကယားနှင့် ရှမ်းတောင်ပိုင်း မြို့နယ်တချို့ ပါဝင်သည့် လက်ရှိ ကရင်နီပြည်စစ်မြေပြင်တွင်…