သံလွင်ခက်။ မေ ၂၂ ၊ ၂၀၂၃။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ပန်မွန်းကျေးရွာအနီးတွင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား ၂ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု TNLA က ယမန်နေ့ မေလ ၂၁ရက်တွင် ထုတ်ပြန်သည်။ မေလ ၂၀ ရက်တွင် TNLA…
Month: May 2023
ကောင်းချစ်အောင် မေ ၂၂၊ ၂၀၂၃။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာနှင့် ကျောက်တံတားကျေးရွာကြား မန္တလေး-မတ္တရာ ကားလမ်းပေါ်တွင် စစ်ကောင်စီယာဉ်တန်းအား ယမန်နေ့နံနက်၁၀နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု မြို့ပြပြောက်ကျားအဖွဲ့များထံမှ သိရသည်။ မန္တလေးမြို့ဘက်မှ မတ္တရာမြို့ဘက်သို့ မောင်းနှင်လာသည့် အဆိုပါယာဉ်တန်းတွင် ကိုးစီးပါဝင်ပြီး ရှေ့ထွက်မိုင်းသုံးလုံးဖြင့် စနစ်တကျဖောက်ခွဲခဲ့သည်ဟု မြနန္ဒာစစ်ဆင်ရေး(မန္တလေး) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။…
သဇင် မေ ၂၂၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် မေလ ၁ လအတွင်း မြွေဆိုးကိုက်ခံရသူ ၅ ဦးရှိလာပြီဟု စစ်ဘေးရှောင်အရေးကူညီသူများထံမှသိရသည် ။ မေလ ၁ ရက်နေ့မှ ယနေ့ (မေလ ၂၂ရက်)အထိ မြွေဆိုးကိုက်ခံရသူ ၅ ဦးရှိပြီး ၎င်းတို့မှာ ကန့်ဘလူမြို့နယ် ၊ချပ်သင်းတိုက်နယ်…
ကောင်းချစ်အောင် မေ ၂၂၊ ၂၀၂၃။ မိုခါဆိုင်ကလုန်းမုန်တိုင်း ဒဏ်သင့် မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထား အကူအညီများပေးအပ်ရာတွင် တော်လှန်ရေးအစုအဖွဲ့များမှတဆင့် တိုက်ရိုက်ပေးအပ်သွားရန် အမျိုးသားညီညွတ်ရေးအစိုးရကတိုက်တွန်းထားသည်။ အကူအညီများပေးအပ်ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊တိုင်းရင်းသားအရပ်ဘက်အဖွဲ့အစည်းများထံသို့ တိုက်ရိုက်လုပ်ဆောင်သွားရန် တိုက်တွန်းထားခြင်းဖြစ်သည်။ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ အီတလီ နှင့် မိတ်ဖက်အဖွဲ့အစည်းများပါဝင်သည့်G7အစည်းအဝေးကို…
သံလွင်ခက်။ မေ ၂၂၊ ၂၀၂၂။ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့၊ နိဗ္ဗာန်ချမ်းသာ မင်္ဂလာကန်တွင် မွေးမြူထားသည့် အလှမွေးငါး အားလုံးနီးပါးသေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။ နိဗ္ဗာန်ချမ်းသာ မင်္ဂလာကန်မှ ငါးများသေဆုံးနေသည်ကို ယနေ့ မေလ ၂၂ ရက် မနက်ပိုင်းတွင် သိရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ ၎င်းက “…
ကောင်းချစ်အောင် မေ ၂၂၊ ၂၀၂၃။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမှ အလင်းဝင်ရောက်လာသည့် ပျူစောထီးတပ်ဖွဲ့ဝင်တစ်ဦးကိုဆုကြေးငွေသိန်း၁၀၀ ချီးမြှင့်ခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ အသက်၁၈နှစ်ဝန်းကျင်ရှိပြီဖြစ်သည့် မောင်ခိုင်မင်းစိုးသည် ပျူစောထီးတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသည်မှာ ၆လကျော်ရှိပြီဖြစ်ပြီး မိသားစုဝင်များနှင့်ဆက်သွယ်ကာ မေလ၂၀ရက်တွင် အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်သည်ဟု ဗျတ္တညီနောင်အဖွဲ့ တာဝန်ခံ ကိုဗျတ္တက သံလွင်ခက်ကိုပြောသည်။ “သူ့မိသားစုက ရွာအပြင်စစ်ဘေးရှောင်တဲတွေမှာနေနေရတာ…
သံလွင်ခက်။ မေ ၂၂၊ ၂၀၂၃။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးအခြေစိုက် စစ်ကောင်စီတပ်ရင်း အနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများထံက သိရသည်။ ယနေ့ မေလ ၂၂ ရက် မနက် ၁ နာရီကျော်အချိန်တွင် စစ်ကောင်စီ ခလရ ၆၈ တပ်ရင်း၊ ဝန်တင်တင်ရင်းများ အခြေစိုက်ရာ လားရှိုးမြို့၊…
သံလွင်ခက် မေ ၂၂ ၊ ၂၀၂၃ ။ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှ စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးနှစ်ဦးသေဆုံး၍ ၅ ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်၏ အင်အား ၇၀ ဝန်းကျင်ရှိ ခမရ ၄၁၅ စစ်ကြောင်းသည် ကသာမြို့နယ် မိုးတားတိုက်နယ်အတွင်းသို့…
Online dating sites is now more available than ever, but unfortunately, it is also developed a tradition of ghosting and texting among customers very often does not…
သဇင် မေ ၂၁၊ ၂၀၂၃။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာချင်းဆက်လမ်းများ ဖျက်ဆီးပြီးနောက် အာရှလမ်းမကြီးကို ထပ်မံဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။ ၂၀၂၃ ခုနှစ်၊ မေလ ၁၉ရက်နေ့ ည ၇ နာရီခန့်တွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ကင်မွန်းချောင်းကျေးရွာနှင့် ဆောင်နိုင်ကြီးကျေးရွာသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းအား မြေတူးစက်များဖြင့်…