Month: May 2023

ဘုန်းမောင် ဘာသာပြန်‌ဆောင်းပါး သမ္မတ ဂျိုးဘိုင်ဒန် ကျမ်းသစ္စာကျိန်ဆိုပြီး ၁၀ ရက်အကြာမှာပဲ ၎င်း၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာအဖွဲ့အနေဖြင့်အရှေ့တောင်အာရှနှင့် ပတ်သက်သော အကျပ်အတည်းကို စတင် ရင်ဆိုင်ခဲ့ရသည်။ ထိုအကျပ်အတည်းက“မြန်မာစစ်တပ် အာဏာသိမ်းမှုအပေါ် အမေရိကန်က ဘယ်လို တုံ့ပြန်သင့်သနည်း?” ဆိုသည်ပင်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး…

Read More

သံလွင်ခက် မေ ၃၀ ၊ ၂၀၂၃ ။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း၌ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် မဟာမိတ်ပူးပေါင်းစစ်ကြောင်းတို့ကြားထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အထိနာပြီး တပ်ဆုတ်ခဲ့သည့် စစ်ကောင်စီတပ်ကို ထပ်မံတိုက်ခိုက်ခဲ့သည်ဟု CDF များထံမှ သိရသည်။ မင်းတပ်မှဆင်းလာခဲ့သည့်  အင်အား ၂၀၀ ခန့်ရှိစစ်ကောင်စီတပ်စစ်ကြောင်းနှင့် မင်းတပ်CDF၊ ကန်ပက်လက်CDF ၊ ဂန့်ဂေါခရိုင်တပ်ရင်း၁၃၊၈ ပူးပေါင်းတပ်ဖွဲ့တို့ကြား…

Read More

သံလွင်ခက် မေ ၃၀ ၊ ၂၀၂၃ ။ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ ကာကွယ်ရေးပူးပေါင်းကင်းစခန်းများကို အင်အား၂၀၀ကျော်ဖြင့် ဝင်ရောက်စီးနင်းခဲ့သည့် စစ်ကောင်စီတပ်သည် ထိခိုက်ကျဆုံးများပြီး တပ်ပြန်ဆုတ်သွားခဲ့ရသည်ဟုပူးပေါင်းစစ်ကြောင်းများထံမှ သိရသည်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဖြစ်သော တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကော်ဘရာစစ်ကြောင်း(၂)၊ ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle ၊ Federal…

Read More

သံလွင်ခက် မေ ၂၉၊ ၂၀၂၃။ မိုခါမုန်တိုင်းကြောင့်  ရွာလုံးကျွတ် ပင်လယ်ရေတိုက်စားခံခဲ့ရသည့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်းကသဲခုံကျေးရွာ  ယနေ့ချိန်ထိ ပြန်လည်ထူထောင်ရေး ပြုလုပ်နိုင်ခြင်းမရှိသေးဟု ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များထံက သိရသည်။ ပေါက်တောမြို့နယ်တွင် ပရဟိတက လူမှုကူညီရေးအဖွဲ့အစည်းအချို့ ရောက်ရှိသော်လည်း ကျေးရွာပြန်လည်ထူထောင်ရန် လုံလောက်မှုမရှိသေးဟု လေဘေးသင့်ပြည်သူများကို ကူညီပေးနေသည့် ပေါက်တောဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။…

Read More

ကောင်းချစ်အောင် မေ ၂၉ ၊ ၂၀၂၃ ။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနစ်ဦး စစ်ကောင်စီတပ်ထံ ထွက်ပြေးသွားခဲ့ပြီးနောက် Eagle Brigade အဖွဲ့၏ လက်နက်၊ခဲယမ်းနှင့်စစ်အသုံးအဆောင်ပစ္စည်းများ စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံလိုက်ရသည်ဟု အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးပုံမှန်ပြုလုပ်နေသည့် ပခုက္ကူ-မြိုင်ကားလမ်းပေါ်ရှိ အင်ပင်စစ်ဆေးရေးဂိတ်တွင် မေလ၂၇ရက်၊ညနေ၌ လက်နက်များ…

Read More

သဇင် မေလ ၂၉၊၂၀၂၃။ စစ်ကိုင်းတိုင်း၊ကန့်ဘလူခရိုင်၊ကျွန်းလှမြို့နယ်အတွင်းရှိ ကုက္ကိုကုန်းရွာနှင့် လွှတ်တိုက်ရွာတို့အား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ယနေ့တွင် ထုတ်ပြန်ထားသည်။ မေလ ၂၈ ရက်နေ့က ကျွန်းလှမြို့နယ်၊ကုက္ကိုကုန်းရွာတွင် ညအိပ်တပ်စွဲခဲ့သော စစ်ကောင်စီလက်အောက်ခံခြေမြန်တပ်ရင်း-၃၆၁ နှင့် ပျူစောထီးစုပေါင်းအင်အား ၁၇၀ ခန့်ရှိသောစစ်ကြောင်းသည် ယနေ့မနက် ၇ နာရီတွင်ကုက္ကိုကုန်းမှ ပြည်သူပိုင်တန်ဖိုးကြီးပစ္စည်းများအား ရှာဖွေယူဆောင်ကာ …

Read More

သံလွင်ခက် မေ ၂၉ ၊ ၂၀၂၃ ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းကို စစ်ကောင်စီလေတပ်က ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲချခဲ့သောကြောင့် ဘုန်းကြီးကျောင်းနှင့်စေတီများ ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ယမန်နေ့ မေလ ၂၈ ရက် ည၁၀ နာရီခန့်တွင် စစ်ကောင်စီက ကော့ကရိတ်မြို့နယ်အတွင်းကို လေကြောင်းမှ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။…

Read More

ယမင်းဖူးပွင့်အောင် မေ ၂၉၊ ၂၀၂၃။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲခံရပြီး သုံးဦးသေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။ မတ္တရာမြို့နယ်၊ ကျောက်တံတားရွာ စာသင်ကျောင်းအနီး ကင်းလှည့်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခေတ္တရပ်နားနေစဉ် မတ္တရာပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့နံနက် ခြောက်နာရီခွဲအချိန်တွင် မိုင်းခွဲတိုက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ လှည့်ကင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား…

Read More