Month: January 2023

မြန်မာပြည်သူများ၏ အသက်အိုးအိမ်များကို ကာကွယ်နိုင်ရေးအတွက် လေယာဉ်ဆီများ ကန့်သတ်ပိတ်ဆို့ရေးဆောင်ရွက်ပေးရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို အမျိုးသားညီညွတ်ရေးအစိုးရက တောင်းဆိုထားသည်။ အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူများအား ဦးတည်ချက်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကို နိုင်ငံအနှံ့ကျူးလွန်လျက်ရှိပြီး သိသာထင်ရှားသောစစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်နေသည့်ရာဇဝတ်မှုများဖြစ်သည်ဟု NUG နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၂၃ရက်စွဲပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတွင် အကြမ်းဖက်စစ်အုပ်စု၏…

Read More

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊ ကူတို့ကုန်းရပ်ကွက်အတွင်းရှိ ပြည်လုံးချမ်းသာဘုန်းတော်ကြီးကျောင်းအတွင်းဖွင့်လှစ်ထားသည့် ပရိဟိတဆေးခန်းကို စစ်ကောင်စီတပ်ဖွဲ့၀င်များ၀င်ရောက်စီးနင်းခဲ့သည်ဟု ဒေသခံများက ပြောသည်။ စီးနင်းမှုကြောင့် ပြည်လုံးချမ်းသာဘုန်းတော်ကြီးကျောင်းမှ ဆရာတော် တစ်ပါးအဖမ်းခံလိုက်ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်၁၀ နာရီကျော်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့၀င်များက ပြည်လုံးချမ်းသာဘုန်းတော် ကြီးကျောင်းအတွင်းဖွင့်လှစ်ထားသည့် ရွှေတောင်မေတ္တာ အခမဲ့ဆေးခန်းအား ၀င်ရောက် စီးနင်း…

Read More

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်တွင် အုပ်ချုပ်ရေးမှူးရုံးအတွင်းကို ဗုံးပစ်တိုက်ခိုက်ခဲ့သည့် UG ရဲဘော်တစ်ဦးအား အုပ်ချုပ်ရေးမှူးရုံးအနီးရှိ စားသောက်ဆိုင်မှလူများ ဝိုင်း၍ ရိုက်နှက်ဖမ်းဆီးမှုကြောင့် ကျဆုံးခဲ့ရသည်ဟုFLAက ယနေ့တွင်ထုတ်ပြန်ထားသည်။ နိုင်ငံရေးအကျဥ်းသားများအားလုံးအတွက် ကိုယ်စားပြုတိုက်ခိုက်ရေးအဖွဲ့ Freelance Attack Force – FLA ကယခုလ ဇန်နဝါရီလ ၂၁ ရက်၊ နေ့လည် ၁၂ နာရီခန့်တွင်…

Read More

မင်းတပ် CDF ထိန်းချုပ်နယ်မြေအတွင်းကို စစ်ကောင်စီယနေ့ထပ်မံ ဗုံးကြဲ ၊ ယခုလအတွင်း ၈ ကြိမ်အထိရှိလာ *********************************** ဇန်နဝါရီ ၂၃ ၊ ၂၀၂၃ ။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းကို စစ်ကောင်စီက ဖုန်းလိုင်းဖြတ်တောက်ထား၍ လေကြောင်းမှ တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေရာ ယနေ့တွင်လည်း တိုက်လေယာဥ်ဖြင့် ထပ်မံဗုံးကြဲခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။…

Read More

လက်နက်ကြီးကျရောက်မှုကြောင့် ဒီးမော့ဆို၌ ကလေးငယ် ၂ ဦး အပါအဝင်စစ်ရှောင်မိသားစု ၄ ဦး ထိခိုက်ဒဏ်ရာရ ***************************** ဇန်နဝါရီ ၂၃ ၊ ၂၀၂၃ ။ စစ်ကောင်စီတပ်၏ ညအချိန်မတော် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်မှုကြောင့် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၌ စစ်ရှောင်မိသားစု ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ…

Read More

လေကြောင်း ထိုးစစ်ကြောင့် ကသာဒေသခံ တစ်သောင်းကျော် တိမ်းရှောင်နေရ ********************* ဇန်နဝါရီ ၂၃၊ ၂၀၂၃။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်ကို စစ်ကောင်စီလေတပ်က သုံးရက်ဆက်တိုက် လေကြောင်းသုံးထိုးစစ်ဆင်မှုကြောင့် ဒေသခံတစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။ လူဦးရေ ၈၀၀၀ ခန့်ရှိသည့် မိုးဒါးလေးကျေးရွာနှင့် လူဦးရေ ၁၅၀၀…

Read More

အစမ်းခန့် ဒုဗိုလ်မှူးကြီးနှင့် တပ်ဖွဲ့ဝင်လေးဦး ပစ်ခတ် ဖမ်းဆီးခံရ *********************** သံလွင်ခက် ဇန်နဝါရီ ၂၃၊၂၀၂၃။ ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ် (ဒုဗိုလ်မှူးကြီး အစမ်းခန့်)နှင့် တပ်ကြပ်ကြီးမြင့်အောင် အပါအဝင် လေးဦးကို တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် PDF များက ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ထုတ်ပြန်လာသည်။ တောင်ငူခရိုင် တပ်ရင်း ၃၅၀၁၊…

Read More

တော်လှန်ရေးအဖွဲ့အမည်ခံ ခြိမ်းခြောက်ငွေညှစ်တောင်းခံသူအား ဖမ်းဆီး ******************* ဇန်နဝါရီ ၂၃၊ ၂၀၂၃။ မွန်ပြည်နယ်၊ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အဖွဲ့နာမည်ကို အလွဲသုံးစားလုပ်ပြီး စီးပွားရေးလုပ်ငန်းရှင်များထံမှ ‌ခြိမ်းခြောက်ငွေညစ်တောင်းခံနေသူအား စုံစမ်းဖမ်းဆီးနိုင်ခဲ့သည်ဟု Ye Defense Force YDF တာဝန်ခံမှတဆင့် သိရသည်။ YDF အမည်ခံ၍စီးပွားရေးလုပ်ငန်းရှင်များကို ဖုန်းဆက်ငွေညစ်တောင်းခံနေသည်ကို ကြားသိရသဖြင့် YDF အဖွဲ့မှ…

Read More

ရွေးကောက်ပွဲအတွက် ပူးပေါင်းပါဝင်သူများ စစ်ကောင်စီဒေါက်တိုင်အဖြစ်သတ်မှတ်၍ စစ်ရေးအရ ပြင်းထန်စွာ အရေးယူမည် ************************************ ဇန်နဝါရီ ၂၃ ၊ ၂၀၂၃ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘီလင်းမြို့နယ်နှင့် မော်လမြိုင်မြို့နယ်တို့၌ တိုက်ပွဲနှင့်စစ်ရေးမစ်ဆင်များကိုဖော်ဆောင်ထားသည့် ကျိုက်ထိုတော်လှန်ရေးအင်အားစု KRFက စစ်ကောင်စီရွေးကောက်ပွဲအတွက် ပါဝင်ပတ်သတ် ပူးပေါင်းသူများအား စစ်ရေးအရပြင်းထန်စွာ အရေးယူသွားမည်ဟု ဆိုသည်။ ၂၀၂၃…

Read More

စစ်ကိုင်းတိုင်း၊  ကသာမြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဦးဆောင်သည့် ဒေသခံပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကြား ဇန်နဝါရီလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့ထိ တိုက်ပွဲဖြစ်ပွါးခဲ့သည်။ သုံးရက်တာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်ကြောင်းမှူးနှင့် အရာရှိဗိုလ်ကြီးများ အပါအဝင် တပ်ဖွဲ့ဝင် ၅၀ ခန့်သေဆုံးခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ အင်အား ၈၀…

Read More