နယ်စပ်ကျားဖြန့်နှင့် မြန်မာလူငယ်များ၏ ရွေးချယ်စရာမဲ့အနာဂတ်

“သူများ မိသားစု ကွဲမယ့် ကိစ္စ၊ သူများ ဘဝပျက်မယ့် ကိစ္စတွေ မလုပ်ချင်တော့ဘူး” အသက် ၂၉ နှစ်အရွယ် ကိုကောင်းအတွက် ထိုစကားသည် သူ၏ လိပ်ပြာမလုံမှုများကို ထင်ဟပ်နေသော်လည်း နေ့စဉ်စားဝတ်နေရေးနှင့် ရွေးချယ်စရာမရှိသည့် အခြေအနေများအောက်တွင် ယခုအလုပ်ကို ခြောက်လတိုင်တိုင် ဆက်လက်လုပ်ကိုင်နေရဆဲ ဖြစ်သည်။ သူလုပ်နေရသည့် အလုပ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်ဆိုသော်လည်း လက်ရှိ ကမ္ဘာတစ်ဝန်းတွင် နာမည်ဆိုးဖြင့် ကျော်ကြားနေသော “ကျားဖြန့်” (အွန်လိုင်းငွေလိမ်) ဂိုဏ်းများ လည်ပတ်ရန်အတွက် အဆောက်အအုံများ ဆောက်လုပ်ပေးရခြင်း ဖြစ်သည်။ ရာဇဝတ်လုပ်ငန်းကြီး လည်ပတ်နိုင်ရန် ထောက်တိုင်တစ်ခုအဖြစ် ပါဝင်နေရခြင်းကို သူ ကောင်းကောင်းသိနေသည်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်း စစ်ရေးပဋိပက္ခများ၊ စီးပွားရေးပြိုလဲမှုများနှင့်အတူ စစ်ကောင်စီ၏ အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေတို့သည် မြန်မာလူငယ်များ၏ အနာဂတ်ကို ရိုက်ချိုးလိုက်ပြီး…

Read More