သံလွင်ခက်။
ဧပြီ ၂၁၊ ၂၀၂၃။
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တစ်ပတ်အတွင်း အင်အားအလုံးအရင်းဖြင့်စစ်ကြောင်းထိုး လှုပ်ရှားလျှက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုးမောက်မြို့နယ်သို့ ညအချိန် လူအင်အားဖြည့်တင်းနေခြင်းဖြစ်သည်ဟု မိုးမောက်မြို့ ဒေသခံ အမျိုးသမီးတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“စစ်သားတွေ အများကြီးပဲ။ ရှေ့ရက်ကတည်းက အင်အားဖြည့်နေတာ။ ပထမက စစ်ကား ၃ စီး၊ နောက်ထပ် ၇ စီးထပ်ဖြတ်တယ်။ ကျွန်မတို့လည်း သတိဝီရိယနဲ့ နေနေကြရတယ်” ဟုပြောသည်။
ယမန်နေ့ ဧပြီလ ၂၀ ရက်နေ့၊ နံနက်ပိုင်းကလည်း လုံဂျာတောင်မှ ကချင်လွတ်မြောက်ရေးတပ် KIA ရှိရာသို့လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တစ်နာရီခွဲခန့်ကြာ ပစ်ခတ်ခဲ့သည်ဟု မိုးမောက်မြို့ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“လုံဂျာတောင်က စစ်ကောင်စီတွေ စက်ကြီး၊ စက်ငယ်တွေနဲ့ပစ်တာ ။စက်လက်နက်သံတောင်ပါတယ်။ ဆက်တိုက်ပစ်နေတာ” ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်က ကချင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း ဆုံးရှုံးသွားသည့်နယ်မြေများအတွက်ကချင်ပြည်နယ်ကို ထိုးစစ်ဆင်လျက်ရှိသည်ဟု ကချင်လွတ်မြောက်ရေးတပ် KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သံလွင်ခက်ကို ပြောသည်။
ထို့ပြင် စစ်ကိုင်းတိုင်းနယ်စပ် ရွှေကူမြို့နယ်သို့လည်း မတ်လ ၂၃ ရက်နေ့မှ စတင်ကာ ရက်ပေါင်း ၂၀ ကြာစစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။
ပုံစာ–စစ်ကောင်စီတပ်ဖွဲ့ဝင်များ /ပုံဟောင်း။
Photo_Crd
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/753
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3714
Website ->https://eng.thanlwinkhet.net