သံလွင်ခက်။
ဧပြီ ၂၁၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုအပါအဝင် အရပ်သားပြည်သူများအားထိခိုက်နစ်နာစေမည့် မည်သည့် အင်အားသုံး တိုက်ခိုက်မှုမျိုးကိုမဆို ကန့်ကွက်ရှုတ်ချသည်ဟု တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ယနေ့တွင် ထုတ်ပြန်သည်။
PPST အဖွဲ့က ဧပြီ ၂၀ ၊၂၁ ရက် နှစ် ရက်ကြာ လက်ရှိနိုင်ငံရေး အခြေနေများကို ဆွေးနွေးသုံးသပ်ပြီး ဘုံသဘောထား ရပ်တည်ချက် ၅ ချက်ကို ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် အရပ်သားပြည်သူများအား ထိခိုက်နစ်နာစေမည့် မည်သည့် အင်အားသုံးတိုက်ခိုက်မှုမျိုးကိုမဆို ကန့်ကွက်သည်ဟု ထည့်သွင်းဖော်ပြထားသည်။
ထို့ပြင် လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရန် ပဋိပက္ခများ၏ အဓိက အခန်းကဏ္ဍတွင် ပါဝင်နေကြသည့် သက်ဆိုင်သူများ ဝိုင်းဝန်းဆွေးနွေးအဖြေရှာရန်ကိုလည်း တိုက်တွန်းထားသည်။
ပြည်တွင်းပဋိပက္ခများ အမြန်ဆုံးအဆုံးသတ်နိုင်ရေး PPST ၏ပူးပေါင်းအဖွဲ့များနှင့်လည်ကောင်း၊ EAO များ၊နိုင်ငံရေး အင်အားစုများနှင့်သော်လည်း တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ကာ လက်ရှိကြုံတွေ့နေရသည့် အခြေနေများကို ကျော်လွှားနိုင်ရေး ကြိုးပမ်းသွားမည်ဟုလည်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံရေးအကျပ်တည်းဖြေရှင်းရေး ကြိုးပမ်းနေသည့် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အစိုရများ၊အာဆီယံနိုင်ငံများ၏ အသိမှတ်ပြုကြောင်းနှင့် PPST အနေဖြင့် လက်ရှိနိုင်ငံရေး၏ လိုအပ်ချက်နှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုင်းနှင့်ပြည်နယ် အသီးသီးရှိ နေအိမ်များကို မီးရှို့ခဲ့သည့် ကျူးလွန် သူများကို ပြင်းထန်စွာ အရေးယူပေးရန် ကိုလည်း PPST က ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ထုတ်ပြန် တောင်းဆိုခဲ့ဖူးသည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3714
Website ->https://eng.thanlwinkhet.net