ယမင်းဖူးပွင့်အောင် ဇွန် ၇၊ ၂၀၂၃။ စစ်ကောင်စီ လေကြောင်းအန္တရာယ်ကြောင့် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ကျင်းရွာအုပ်စုအတွင်းရှိရွာပေါင်း ၉ ရွာမှ ဒေသခံ ၄၀၀၀ခန့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည်ဟု ဒေသခံများထံမှ သိရသည်။ ယမန်နေ့ နေ့လယ်၃နာရီခန့်တွင် ကျင်းရွာအုပ်စု၊ ဆင်ထိုးကျေးရွာအနီးတဝိုက်သို့ စစ်ကောင်စီက Mi 35ရဟတ်ယာဉ်တစ်စီးဖြင့် မိနစ်လေးဆယ်ခန့်လှည့်ပတ်ပစ်ခဲ့သောကြောင့် နေအိမ်နှစ်လုံး…